လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

(၂၂/၁၁/၂၀၂၄)ရက်နေ့တွင် လက်ပံတန်းမြို့၊ ကွမ်းခြံကျေးရွာအုပ်စု၊ ကျေးနီကျေးရွာ၊အ.ထ.က က(ကျေးနီ)တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းအစီအစဉ်အား ကျင်းပဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ Grade.8/9/12 ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ/သားများနှင့် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၃၆)ဦး တက်ရောက်ခဲ့ကြသည်။ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးဝင်းထိုက်မှ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များအကြောင်းဟောပြောခဲ့ပြီး တောအုပ်ကြီး ဦးမြတ်သူရဇော် မှ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ် တင်တင်နွဲ့မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းမှ စာဖတ်ခြင်းအကျိုးကျေးဇူးများအား ဟောပြောခဲ့ကြပြီးနောက်တက် ရောက်လာသည် ကျောင်းသား/သူများအား အာဟာရဒါနတိုက်ကျွေးခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Tuesday, November 26, 2024 - 13:30