မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

၂၆-၁၁-၂၀၂၄ ရက်နေ့၊(၁၃:၄၅)နာရီတွင် မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ မကြီးစမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း ၌"ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေး အန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်း အစီအစဥ်(မြို့နယ်အဆင့်) အားပြုလုပ်ခဲ့ပါသည်။ ဦးရဲအောင်(ဦးစီးအရာရှိ) မှ မီးခိုး/မြူငွေ့လျှော့ချရေး၊ ဦးကျော်စံဟိန်း(တောအုပ်ကြီး)မှရာသီဥတုပြောင်းလဲမှု၊ဦးချစ်ဇေ(တောအုပ်ကြီး)မှသဘာဝဘေးအန္တရာယ်နှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း ကိုဟောပြောခဲ့ပါသည်။ ဆက်လက်၍ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှလစဥ် ထုတ်ဝေသည့် "သစ်တောကြေးမုံ"(၅)အုပ်အား အမက၊ကျောင်း အုပ်ဆရာမကြီးထံသို့ ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။တက်ရောက်သူဆရာမ(၆)ဦး၊ G-4,5ကျောင်းသား/ကျောင်းသူ (၃၅)ဦး၊ကျေးရွာနေပြည်သူ (၃၇)ဦး၊သစ်တောဝန်ထမ်း (၈)ဦး စုစုပေါင်း(၇၈)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, November 26, 2024 - 18:30