သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများ၏ လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ မိုးလုံလေလုံ အားကစားရုံသို့ သွားရောက်၍ ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်၊အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်း အားကစားသမား၏ လေ့ကျင့်နေမှုအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံရှိ အမျိုးသားဘောလီဘောအသင်း အားကစား သမားများနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်အသင်း အားကစားသမားများ၏ လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးသည်။ ထို့နောက် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အသင်းအဖွဲ့ စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်အောင် အလေးထား ကြိုးစားလေ့ကျင့်သွားရန် မှာကြားပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသားဘောလုံး၊ အမျိုးသားဘောလီဘော၊ အမျိုးသား ပိုက်ကျော်ခြင်း၊ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်နှင့် အမျိုးသားဂေါက်သီးရိုက်စသည့် ပြိုင်ပွဲ (၅) မျိုးတွင် အသင်းနည်းပြ/ အုပ်ချုပ်သူနှင့် အားကစားသမား စုစုပေါင်း (၉၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရသည်။