စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" (မြို့နယ်အဆင့်) ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၅-၁၁-၂၀၂၄ရက်၊ (၀၉:၀၀)နာရီတွင် ကျွန်းလှမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ်" ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ဟောပြောပွဲအခမ်းအနားသို့ ကျွန်းလှမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်းအင်အား ၁၁၀ ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးစိုးမြတ်သူက မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောခြင်း၊ တောအုပ် ဦအောင်သိန်းဇော်က သစ်တောသစ်ပင်ပြုစုထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သစ်တောဦးစီးဌာနမှထုတ်ဝေသည့် သစ်တောကြေးမုံ(၁၀)အားကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ခြင်း၊ တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။