ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲ(တိုင်းဒေသကြီးအဆင့်)ကျင်းပ
(၂၇-၁၁-၂၀၂၄)ရက်နေ့ နံနက် ၁၀:၃၀ နာရီကရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ(တိုင်းဒေသကြီးအဆင့်)ကို နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(မှော်ဘီ) ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာကေသီလွင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထင်က ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေး အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့် ဖြစ်ပေါ်လာစေနိုင်သောရောဂါများ၊ လူသားများနှင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့် သစ်တောဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များစသည်တို့ကို ဆွေးနွေးဟောပြောခဲ့ပြီးဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။