သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

(၂၇.၁၁.၂၀၂၄)ရက်နေ့နံနက် (၉:၃၀)နာရီအချိန်တွင် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ် နှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းအစီအစဉ် ခေါင်းစဉ်ဖြင့်ဟောပြောပွဲအားကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ၊ဆရာမများကျောင်းသား၊ ကျောင်းသူများနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများစုစုပေါင်း(၁၄၀)ဦးတက်ရောက်ခဲ့ပြီးအုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်‌အောင်မှ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး နှင့်သဘာဝဘေးအန္တရာယ်များခေါင်းစဉ်ဖြင့်လည်းကောင်း တောအုပ်ကြီး ဦးစောမောင်ထွန်းမှမီးခိုးမြူငွေ့လျှော့ချရေး နှင့်တောမီးလောင်ခြင်းဆိုင်ရာအကြောင်းအရာများဟောပြောခဲ့ပြီးတက်ရောက်လာသူများ၏ မေးမြန်းချက်များအားပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 27, 2024 - 14:45