မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
၂၇-၁၁-၂၀၂၄ ရက်နေ့၊(၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊မင်းဘူး မြို့နယ်၊ သစ်တောဦးစီးဌာနမှ မင်းဘူးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ၌"ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေး အန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဥ်အား(ခရိုင်အဆင့်၊မြို့နယ်အဆင့်) ပြုလုပ်ခဲ့ပါသည်။ ဦးစိုးမိုး (ဒုတိယညွှန်ကြားရေးမှူး) မှ ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ မီးခိုး/မြူငွေ့လျှော့ချရေး၊ ဦးမြင့်အောင်(မြို့နယ်ဦးစီးဌာနမှူး)မှရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်းကို ဟောပြောခဲ့ပါသည်။ တက်ရောက်သူဆရာ/ဆရာမ(၅)ဦး၊ G-9/G-10 ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး၊ စုစုပေါင်း(၁၀၅)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။