စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတု ပြောင်းလဲမှု့၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှာ့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

(၂၈-၁၁-၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကလေးမြို့နယ် အ.ထ.က(၁)စာသင်ကျောင်း၌ ရာသီဉတု ပြောင်းလဲမှု့ ၊သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပရာ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးယဥ်မင်းထိုက်မှ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အစီအစဉ်များ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ တောအုပ်ကြီး ဦးအောင်ကျော်ထွေးမှ သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ကလေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသန္တာအောင် မှ မီးခိုးမြူငွေ့ညစ်ညမ်းခြင်း၏ ဆိုးကျိုးသက်ရောက်မှုများ စသည့် ခေါင်းစဉ်များအား Powerpointများဖြင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ လစဉ်ထုတ်ဝေသော သစ်တောကြေးမုံ (၅)အုပ်အား ကျောင်းတာဝန်ခံထံ ပေးအပ် လှူဒါန်းခြင်း၊ တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ ၊ဌာနဆိုင်ရာများ ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Thursday, November 28, 2024 - 13:30