၃-၈-၂၀၂၆ ရက်နေ့မှ ၉-၈-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂.၂၈၅၄)တန်၊ သစ်မာ (၀.၂၁၇၈)တန်၊ အခြား (၂၁.၃၈၂၂)တန်၊ စုစုပေါင်း(၂၃.၈၈၅၄)တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၈-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ် (၁၅၇)အတွင်းနေရာမှ တရားမဝင် သင်္ဂဒူ/ သစ်ယား/တောင်သရက် သစ်လုံးသစ် စုစုပေါင်း (၁၂)လုံး (၉.၃၃၄၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်းသည်။

date:
Tuesday, August 11, 2026 - 15:15
