သစ်တောဦးစီးဌာန၊(၅/၂၀၂၆-၂၀၂၇)ကြိမ်မြောက် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၏ (၅/၂၀၂၆-၂၀၂၇)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁-၈-၂၀၂၆)ရက် အင်္ဂါနေ့ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဇေယျ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်ရုံးဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ online စနစ်ဖြင့်တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဒုတိယသုံးလပတ်ရောက်ပြီဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းလျာထားချက်များကို (၅၀) ရာခိုင်နှုန်းပြီးစီးအောင်အလေးထားဆောင်ရွက်ကြရန် ၊ ယခုနှစ် သစ်တောစိုက်ခင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတာဝန်ခံများ မြေပြင်ကွင်းဆင်း စစ်ဆေးရန်နှင့် ၂၀၂၇-၂၀၂၈ခုနှစ် နိုင်ငံတော်ပိုင်သစ်တောစိုက်ခင်းများလုပ်ငန်းများအတွက်ကြိုတင်ပြင်ဆင်ထားရှိရန် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ပြည်နယ် သက်ဆိုင်ရာ တာဝန်ခံအသီးသီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

date: 
Wednesday, August 12, 2026 - 13:30