တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ​ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၁၅-၈-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ၌ ဘုတ်ပြင်းမြို့၊အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ်​ပြင်းမြို့၊ကျောင်း အုပ်ဆရာမကြီးဒေါ်သီသီဦးနှင့်၊ ဆရာ/ဆရာမများ​(၃၇)ဦး၊​ကျောင်းသား(၉၄)ဦး/ကျောင်းသူ( ၁၄၃)ဦး၊ စုစုပေါင်း(၂၇၄)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၅)ဉီး၊စုစုပေါင်း(၂၇၉)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ ဉီးစီးအရာရှိ၊ ဦး​စောလူးသယ်​ရွှေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများ၊သစ်တောသစ်ပင်အသုံးဝင်ပုံများ ၊ဉီးကြည်ဉီး၊အုပ်ချုပ်ရေးမှူး၊လန်ပိအဏ္ဏာဝါအမျိုးသားဉယျာဉ်မှပလပ်စတစ်သုံးစွဲမှုလျော့ချရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ကြောင့်သဘာဝ​ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာများ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဘုတ်ပြင်းမြို့၊အထက်တန်းကျောင်းသို့ဗလာစာအုပ်များနှင့်ဘောပင်များပေးလှူခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, August 17, 2026 - 10:00