၁၇-၈-၂၀၂၆ ရက်နေ့မှ ၂၃-၈-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း(၂၇.၈၁၂၃)တန်၊ သစ်မာ(၀.၆၆၄၄)တန်၊ အခြား (၅.၇၈၅၈)တန်၊ စုစုပေါင်း(၃၄.၂၆၂၅)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၈)ဦးဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၈-၂၀၂၆ ရက်နေ့တွင် ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်းဘိနယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် (၂၀/၅)မှ မင်းကုန်းရွာသို့ဆက်သွယ်သည့် လမ်းဘေး၊ သမဝါယမကောလိပ်အနီးမှ တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ(၃၁၄)ချောင်း (၂၃.၉၁၄၅)တန်၊ ယာဉ် (၂)စီး၊ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Tuesday, August 25, 2026 - 16:00