မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင်“၂၀၂၆ ခုနှစ်၊ မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲ”အားကျင်းပ
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုအရ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင် “ ၂၀၂၆ ခုနှစ်၊ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ”အား ၂၆-၈-၂၀၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး၊ သထုံမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံ ပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၈၆၈)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဗြူးရွှေဝါ၊ သမဲ့ကြီး၊ မာလာလူးကားနှင့် ပင်လယ်ကဗွီး စသည့် သစ်မျိုး(၄)မျိုးဖြင့် စုစုပေါင်းပင်ရေ(၁၅၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။







