မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ၂၆-၈-၂၀၂၆ ရက်နေ့(၀၇း၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီး မြို့နယ်၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံတို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဧည့်သည်တော်များအားလုံး စုစုပေါင်း အင်အား(၂၅၀၀)ဦးဖြင့် ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကုက္ကို၊ မဲဇလီ၊ စိန်ပန်း၊ ခရေ၊ တမာ၊ ငုရွှေဝါ၊ မယ်ဇယ်၊ တပေဘူတ စသည့် သစ်မျိုး(၁၁)မျိုး၊ စုစုပေါင်း(၂၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

date: 
Friday, August 28, 2026 - 11:30