“တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏လူမှုစီးပွားနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်း”စီမံကိန်း(FD-AFoCO Forest Fire Project) (AFoCO/032/2022)အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြင်ပနည်းပညာအကြံပေးအဖွဲ့ အဆိုပြုလွှာခေါ်ယူခြင်း
“တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏လူမှုစီးပွားနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” စီမံကိန်း (FD-AFoCO Forest Fire Project) (AFoCO/032/2022)
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြင်ပနည်းပညာအကြံပေးအဖွဲ့ အဆိုပြုလွှာ ခေါ်ယူခြင်း
ပြင်ပနည်းပညာအကြံပေးအဖွဲ့၏ တာဝန်ဝတ္တရားများ
(Terms of Engagement & Responsibilities)
ပြင်ပနည်းပညာအကြံပေးအဖွဲ့သည် “တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏လူမှုစီးပွားနှင့် စျေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း- Capacity Building on Enhancing Resilience to Forest Fire and Local Livelihoods and Market Linkages in Myanmar (FD-AFoCO Forest Fire စီမံကိန်း)” ၏ Output 1.3 ဖြစ်သည့် “ Revitalization of Local Livelihood and reduce/eliminate man-made forest fire” ပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် နည်း ပညာ အကြံဉာဏ်များ ပံ့ပိုးပေးရမည်ဖြစ်ပါသည်။ ထိုသို့ ပံ့ပိုးရာတွင် သစ်တောများနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိဘဲ ဒေသခံများ၏ လူမှုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးရေးနည်း စနစ်များအား အားကောင်းလာစေရေးအတွက် လက်ရှိအခြေအနေများနှင့် လိုအပ်ချက်များအပေါ်အခြေခံ၍ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နည်း ပညာ အကြံပေးအဖွဲ့၏အသေးစိတ်တာဝန်ဝတ္တရားများမှာအောက်ပါအတိုင်းဖြစ်ပါ သည်-
(က) FD-AFoCO Forest Fire စီမံကိန်း၏ စီမံကိန်းဧရိယာများကို အခြေခံသည့် သီးနှံ သစ် တော ရောနှောစိုက်ပျိုးရေးနည်းစနစ်များနှင့် မြေအသုံးချမှုနည်းလမ်းများ အား သုံး သပ်၍ နည်းပညာလမ်းညွှန်ချက် (Technical Guideline 1)အား ပြုစုရေးသားရန်နှင့် ဒီဇိုင်းများ ရေးဆွဲပြီး မြေပြင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(ခ) FD-AFoCO Forest Fire စီမံကိန်း၏ စီမံကိန်းဧရိယာများ၌ သမားရိုးကျ စိုက်ပျိုး နည်းစနစ် များအပြင် အခြားသင့်လျော်သည့် စိုက်ပျိုးရေး နည်းစနစ်များ ပေါ်ပေါက် လာစေရေးအတွက် နည်းပညာလမ်းညွှန်ချက် (Technical Guideline 2) အား ပြုစုရေးသား ဆောင်ရွက်ရန်၊
(ဂ) ကနဦးဆန်းစစ်လေ့လာမှု အစီရင်ခံစာမှ အကြံပြုချက်များအပေါ် အခြေခံ၍ ဒေသခံ များ၏ မြေယာများပေါ်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးရေး စံပြကွက်များ လက်တွေ့ တည်ထောင်ခြင်းနှင့် နည်းပညာများ ပံ့ပိုးဆောင်ရွက်ရန်
(ဃ) ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိအခြေအနေနှင့် လိုအပ် ချက်များ အပေါ် မူတည်၍ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများနှင့် အသိ ပညာပေး အစီအစဉ်များ ပြုလုပ်ရာတွင် နည်းပညာအကြံပေးရန်၊
(င) ဒေသခံများ၏ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်များတွင် ဈေးကွက် ရောင်း ချနိုင်မည့် သီးနှံများနှင့် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များကို ရွေးချယ် စိုက်ပျိုး ရာတွင် လိုအပ်သည့် နည်းလမ်းများအား အကြံပြုပေးရန်၊
(စ) ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများအား ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် မြင့်မားစေ ရေးနှင့် မြေအား ထိရောက်စွာ အသုံးချနိုင်ရေးအတွက် လိုအပ်သော နည်း လမ်း များအား အကြံပြုပေးရန်၊
(ဆ) ဒေသခံများ၏ စိုက်ပျိုးမြေများအား မြေဆီလွှာကောင်းမွန်စေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက်မြေပြုပြင်ခြင်းဆိုင်ရာနည်းလမ်းများအားအကြံပြုပေးရန်၊
(ဇ) ဒေသခံများ၏ သီးနှံသစ်တောရောနှောစိုက်ပျိုးရေးနည်းစနစ်များတွင် ရာသီသီးနှံ များ၊ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်များ မွေးမြူခြင်းလုပ်ငန်းများကို ပေါင်းစပ် ဆောင်ရွက်သည့် နည်းလမ်းများအတွက် အကြံပြုပေးရန်၊
(ဈ) ဒေသခံများ၏ လူမှုးစီးပွားဖွံ့ဖြိုးစေမည့် မှို၊ စားသုံးသီးပင်နှင့် အခြားဆေးဖက်ဝင် အပင်များ အား စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ တွင် ဆက်စပ် ပတ်သက်သူများနှင့် ညှိနှိုင်းဆွေးနွေးအကြံပြုရန်၊
(ည) စီမံကိန်းလုပ်ငန်းများ၏ နည်းပညာဆိုင်ရာ အစီရင်ခံစာများ၊ တွေ့ရှိချက်များ၊ အကြံပြုချက်များ၊ လစဉ် လုပ်ငန်း တိုးတက်မှု အစီရင်ခံစာများကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစု၍ စီမံကိန်း ညွှန်ကြားရေးမှူး သို့ တင်ပြရန်၊
(ဋ) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းအား အချိန်မီနှင့် ရေရှည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဒေသနှင့် ကိုက်ညီသည့် မြေဆီလွှာထိန်းသိမ်းခြင်း လမ်းညွှန်ချက်များ၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း လမ်းညွှန်ချက်များနှင့် ပိုးမွှားထိန်းချုပ်ရေး လမ်းညွှန်ချက်များကို ပြုစုရေးသားရန်၊
