ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊ချောင်းဝဘိနယ်တွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ"ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊ေချာင်းဝဘိနယ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာ အောင်မြေသာစည် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ တင်ပုလွဲကျေးရွာသား(၂၃)၊ ကျေးရွာသူ(၂၈)ဦး၊ စုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ် ဦးရှိုင်းထက်မှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊အယ်နီညိုရာသီဥတုအခြေအနေနှင့်သစ်တောဦးစီးဌာနမှ ဖြေလျှော့ထားသည့် ပုဂ္ဂလိကသစ်မာစိုက်ခင်းများမှ ထုတ်ယူသုံးစွဲရမည့် စည်းကမ်းအချက်အလက်များဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


