၂၄-၈-၂၀၂၆ ရက်နေ့မှ ၃၀-၈-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅.၉၆၇၄)တန်၊ သစ်မာ (၁၀.၈၁၅၂)တန်၊ အခြား (၅၈.၆၀၁၅)တန်၊ စုစုပေါင်း(၇၅.၃၈၄၁)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၈-၂၀၂၆ ရက်နေ့တွင် ရန်ကုန် မြောက်ပိုင်းခရိုင်၊လှည်းကူးမြို့နယ်၊ဖောင်ကြီးအရှေ့ဘက်ခြမ်း၊ ငမိုးရိပ်ဆည် GEကုန်း၊ ကုန်းပေါ် ဘုန်းကြီးကျောင်းအနီးနှင့် GE ကုန်း ရေဆိပ်ဆည်အတွင်းမှ တရားမဝင် အခြား သစ်လုံး/ခွဲသား/လုံးပတ်(၃)ပေအောက်သစ် (၁၁၀)လုံး/ချောင်း(၁၆.၃၅၉၅)တန်ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, September 3, 2026 - 11:15