ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊‌‌ဒေါင့်ကြီးဘိနယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် စ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊‌(တွဲဘက်-ဒေးဒရဲမြို့နယ်)ဒေါင့်ကြီးဘိနယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ဒေးဒရဲမြို့နယ်၊ ဒေါင့်ကြီးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၃)ဦး၊ ဒေါင့်ကြီးကျေးရွာသား(၂၀)၊ ကျေးရွာသူ(၃၁)ဦး၊ စုစုပေါင်း (၅၄)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးဟန်ထွန်းချိုမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊အယ်နီညိုရာသီဥတုအခြေအနေနှင့်သစ်တောဦးစီးဌာနမှ ဖြေလျှော့ထားသည့် ပုဂ္ဂလိကသစ်မာစိုက်ခင်းများမှ ထုတ်ယူသုံးစွဲရမည့် စည်းကမ်းအချက်အလက်များဆွေးနွေးဟောပြောခဲ့ပြီးသစ်တာ​ကြေးမုံဂျာနယ်များအားကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်လျှူဒါန်းခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, September 8, 2026 - 13:30