၃၁-၈-၂၀၂၆ ရက်နေ့မှ ၆-၉-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၁.၄၉၅၇)တန်၊ သစ်မာ(၅.၈၉၄၆)တန်၊ အခြား(၁၃.၀၆၁၄)တန်၊ စုစုပေါင်း(၃၀.၄၅၁၇)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ(၁၇)ဦးဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၉-၂၀၂၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ဘိနယ်၊ နှမ်းကျဲကျေးရွာအုပ်စု၊ ကျေးဇူးတော်ကျေးရွာအနီးမှ တရားမဝင် မျောက်လုပ်/ သပြေနီ/ ဇင်ပြွန်း/ ကန်းနီ/ ကဒွတ် သစ်လုံးစုစုပေါင်း (၁၀)လုံး (၆.၂၉ ၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Thursday, September 10, 2026 - 15:45