ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊ မြို့မဘိနယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊ မြို့မဘိနယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ " မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ဖျာပုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ​​မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးသွင်းခြင်း/အသစ်ထုတ်ယူခြင်း လာရောက်ဆောင်ရွက်ကြသည့် တယ်ပင်ဆိပ်ကျေးရွာအုပ်စုမှဒေသခံပြည်သူ (ကျား -၆၉ဦး၊မ-၅ဦး၊ပေါင်း-၇၄ဦး)၊ဝန်ထမ်း၊ပြည်သူစုစု‌ပေါင်း(၇၈)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးဟန်ထွန်းချိုမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊အယ်နီညိုရာသီဥတုအခြေအနေနှင့်သစ်တောဦးစီးဌာနမှ ဖြေလျှော့ထားသည့် ပုဂ္ဂလိကသစ်မာစိုက်ခင်းများမှ ထုတ်ယူသုံးစွဲရမည့် စည်းကမ်းအချက်အလက်များဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, September 11, 2026 - 14:15