တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ"ဒီရေတောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ"ဒီရေတောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၄-၉-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်မြို့၊ အမှတ်(၄) အခြေ ခံပညာအထက်တန်းကျောင်း၊ြမရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၄)ဦး၊ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/သူ(၂၄၄)ဦး၊ ကျား(၁၁၆)၊ မ(၁၃၇)စုစုပေါင်း(၂၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးကျော်ဇံရွှေမှ ဒီရတေောအဓိပ္ပါယ်၊ ဒီရေတောများပျံ့နှံ့စွာပေါက်ရောက်မှုအခြေအနေ၊ ဒီရေတောများမှကမ်းရိုးတန်းနေပြည်သူများနှင့်ဂေဟစနစ်အပေါ် အကျိုး ဖြစ်ထွန်းစေမှု၊ ဒီရေတောများထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ICM အစီအစဥ်အရဆောင်ရွက်သည့်လုပ်ငန်းများ၊ တနင်္သါရီတိုင်းဒေသကြီးအတွင်း ဒီရေတောများ ပေါက်ရောက်မှုအခြေအနေတို့နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဓိပ္ပါယ်၊ လျှောက်ထားပါက ခွင့်ပြုရန်သတ်မှတ်ချက်များ၊စည်းကမ်းချက်များ၊ တည်ထောင်ပါက ကျိုးကျေးဇူးများစသည့်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



