ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ကြာကန်ဘိနယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ကြာကန်ဘိနယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ ကံ့ကော်ကုန်းကျေးရွာ၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီးဌာနမှဝန်ထမ်း(၃)ဦး ၊ပညာရေးဌာနမှဝန်ထမ်း(၆)ဦး၊ ကံ့ကော်ကုန်းကျေးရွာမှ ဒေသခံပြည်သူ ကျား(၄၅)/မ(၅၅) ဦးစုစုပေါင်း(၁၀၀)ဦး၊ ကျောင်းသား(၂၀)/ကျောင်းသူ(၃၀)စုစုပေါင်း(၅၀)ဦး ဝန်ထမ်း၊ ပြည်သူ၊ ကျောင်းသား/သူ စုစုပေါင်း(၁၅၉)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးကိုကိုအောင်မှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဆိုင်ရာများ၊ သစ်တောပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ ဒီရေတောများထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်း လုပ်ငန်းများ၊ စည်းကမ်းအချက် အလက်များအား ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, September 17, 2026 - 10:00