၇-၉-၂၀၂၆ ရက်နေ့မှ ၁၃-၉-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၇၅၉၁)တန်၊ သစ်မာ (၁၁.၃၁၃၄)တန်၊ အခြား(၇၂.၆၂၇၀)တန်၊ စုစုပေါင်း(၉၂.၆၉၉၅)တန်၊ ယာဉ်/ယန္တရား (၈)စီး၊ တရားခံ(၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၉-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်း လောင်းကြိုးဝိုင်း၊ အကွက်အမှတ်(၆၉)အတွင်းမှ တရားမဝင် သစ်ယား/ မျောက်ငို/ မျောက်သွေး/ တောင်မရိုး သစ်လုံး/သစ်ခြမ်း စုစုပေါင်း (၅၈)လုံး/ခြမ်း (၃၉.၇၈၈၀)တန်၊ လက်ကိုင်စက်လွှ(၁)ခု၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, September 17, 2026 - 14:15