တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာနမှ ပင်လယ်ကမ်းရိုးတန်းသယံဇာတဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်(ICM)အရ"ဒီရေတောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ"ဒီရေတောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြေပွဲ အခမ်းအနားကို(၁၆-၉-၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင်ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာ၊ အ.ထ.က(ခွဲ)မောင်းလှော်၌ကျင်းပဆောင်ရွက်ခဲ့ရာမောင်းလှော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ဆရာမနှင့် ကျောင်းသား/သူ ကျား(၄၅)ဦး၊ မ(၇၅)ဦး ၊ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျွန်စုမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး၊ ဦးခင်စိုးမှ ဒီရတေောအဓိပ္ပါယ်၊ ဒီရေတောများပျံ့နှံ့စွာပေါက်ရောက်မှုအခြေအနေ၊ ဒီရေတောများမှကမ်းရိုးတန်းနေပြည်သူများနှင့်ဂေဟစနစ်အပေါ် အကျိုး ဖြစ်ထွန်းစေမှု၊ ဒီရေတောများထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊
ICM အစီအစဥ်အရဆောင်ရွက်သည့်လုပ်ငန်းများ၊ တနင်္သါရီတိုင်းဒေသကြီးအတွင်း ဒီရေတောများ ပေါက်ရောက်မှုအခြေအနေတို့အားဟောပြောဆွေးနွေးခြင်းဆောင်ရွက်ပြီး တောအုပ်ဦးနိုင်မင်းမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဓိပ္ပါယ်၊လျောက်ထားလိုပါက ခွင့်ပြုရန်သတ်မှတ်ချက်များ၊စည်းကမ်းချက်များ၊တည် ထောင်ပါက အကျိုးကျေးဇူးများစသည့်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောကြေးမုံစာစောင်များ အားကျောင်းစာကြည့်တိုက်သို့ လှူဒါန်းခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။



