၁၄-၉-၂၀၂၆ ရက်နေ့မှ ၂၀-၉-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၅၀၄၈)တန်၊ သစ်မာ (၉.၈၇၈၀)တန်၊ အခြား (၅၃.၇၂၈၆)တန်၊ စုစုပေါင်း(၁၀၈.၁၁၁၄)တန်၊ ယာဉ်/ယန္တရား(၆)စီး၊ တရားခံ(၁၀)ဦးဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၉-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သပြေဝ(၁-က)ဘိနယ်၊ အုတ်တွင်း- ပေါက်ခေါင်းကားလမ်း၊ ဒေသအခေါ် (၅)မိုင်ကျေးရွာအနီးမှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ခွဲသား/ပါကေး/လျှာထိုး စုစုပေါင်း(၁၂၁၆၇)လုံး/ချောင်း/ချပ်(၃၂.၂၁၁၈)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Tuesday, September 22, 2026 - 13:30