ဒေသခံပြည်သူလူထုများအား ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သင်တန်း၊ ဆွေးနွေးပွဲနှင့် ပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံသည် သဘာဝ ရေ၊ မြေ၊ တောတောင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါများ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး သစ်တောများသည် အပင်နှင့်တိရစ္ဆာန်များ ပေါက်ပွားရှင်သန် ရန် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အနေအထားများကို ဖန်တီးပေးထားပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို အလေးထားအကောင်အထည်ဖော်ရာတွင် သဘာဝနယ်မြေ များတည်ထောင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍  ဆောင်ရွက်လျက်ရှိပါသည်။

          သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန အောက်ရှိ ဘေးမဲ့တောများမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများအား ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာများ သိမြင် နိုးကြားမှုမြင့်တက်လာစေရန်နှင့် ပူးပေါင်းပါဝင်မှုရှိလာစေရန်ရည်ရွယ်၍ သင်တန်းများ/ဆွေးနွေး ပွဲများနှင့် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တောမှ ဝန်ထမ်များ သည် (၅-၁၁-၂၀၁၃) မှ (၈-၁၁-၂၀၁၃)ရက်နေ့ထိ အုပ်ချုပ်ရေးမှူးရုံးတွင် SMART Patrol ဆင့်ပွားသင်တန်းအားလည်းကောင်း၊ (၁၉-၁၁-၂၀၁၃) နှင့် (၂၀-၁၁-၂၀၁၃) ရက်နေ့တို့တွင် အုပ်ချုပ်ရေးမှူးရုံး၌ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ  များထိန်းသိမ်းရေးဥပဒေသင်တန်း/ဆွေးနွေးပွဲအားလည်းကောင်း၊ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူအပါအဝင် (၃၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် SMART Patrol သင်တန်းတက်ရောက်ခဲ့သော တောအုပ်ကြီး- ဦးဇော်လင်းမှ ဆောင်ရွက်ပြီး သင်တန်းမှူး အဖြစ် အုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထို့အပြင် ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တောမှ ဝန်ထမ်းများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေး ပညာပေးဟောပြောပွဲကို တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ (၁၄-၁၁-၂၀၁၃) ရက်နေ့တွင် လည်းကောင်း၊ ရွှေစက်တော်ဘေးမဲ့တောမှ ဝန်ထမ်းများသည် ပညာပေးဟောပြောခြင်းနှင့်    သစ်တောသယံဇာတအပေါ်မှီခိုမှုစစ်တမ်းကောက်ခြင်း ကွင်းဆင်းဆောင်ရွက်မှုကို (၂၁.၁၁.၂၀၁၃)မှ (၂၉-၁၁-၂၀၁၃) ရက်နေ့အထိ တောင်ပန်း၊ စံပြ၊ ရေဖြူတွင်း စသော ကျေးရွာ(၉)ရွာတွင် လည်း ကောင်း၊ နွားထိုးကြီးမြို့နယ် မင်းစုံတောင်ဘေးမဲ့တောမှ ဝန်ထမ်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို (၁၂-၁၁-၂၀၁၃)၊ (၂၃-၁၁-၂၀၁၃) မှ (၂၄-၁၁-၂၀၁၃) ရက်နေ့အထိ လည်းကောင်း၊ (၂၆-၁၁-၂၀၁၃) မှ (၂၇-၁၁-၂၀၁၃) ရက်နေ့အထိ တတ်စီ၊ လက်ပံ၊ ဆူးဖြူကန်၊ မှက္ခရာ၊ ဖက်ခူး ကျေးရွာ(၅)ရွာ၌ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ(၃၅၅)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။မြန်မာနိုင်ငံသည် သဘာဝ ရေ၊ မြေ၊ တောတောင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါများ ကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး သစ်တောများသည် အပင်နှင့်တိရစ္ဆာန်များ ပေါက်ပွားရှင်သန် ရန် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အနေအထားများကို ဖန်တီးပေးထားပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို အလေးထားအကောင်အထည်ဖော်ရာတွင် သဘာဝနယ်မြေ များတည်ထောင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍  ဆောင်ရွက်လျက်ရှိပါသည်။

          သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန အောက်ရှိ ဘေးမဲ့တောများမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများအား ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာများ သိမြင် နိုးကြားမှုမြင့်တက်လာစေရန်နှင့် ပူးပေါင်းပါဝင်မှုရှိလာစေရန်ရည်ရွယ်၍ သင်တန်းများ/ဆွေးနွေး ပွဲများနှင့် ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တောမှ ဝန်ထမ်များ သည် (၅-၁၁-၂၀၁၃) မှ (၈-၁၁-၂၀၁၃)ရက်နေ့ထိ အုပ်ချုပ်ရေးမှူးရုံးတွင် SMART Patrol ဆင့်ပွားသင်တန်းအားလည်းကောင်း၊ (၁၉-၁၁-၂၀၁၃) နှင့် (၂၀-၁၁-၂၀၁၃) ရက်နေ့တို့တွင် အုပ်ချုပ်ရေးမှူးရုံး၌ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ  များထိန်းသိမ်းရေးဥပဒေသင်တန်း/ဆွေးနွေးပွဲအားလည်းကောင်း၊ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း များနှင့် ဒေသခံပြည်သူအပါအဝင် (၃၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် SMART Patrol သင်တန်းတက်ရောက်ခဲ့သော တောအုပ်ကြီး- ဦးဇော်လင်းမှ ဆောင်ရွက်ပြီး သင်တန်းမှူး အဖြစ် အုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထို့အပြင် ဟူးကောင်းချိုင့်ဝှမ်းဘေးမဲ့တောမှ ဝန်ထမ်းများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေး ပညာပေးဟောပြောပွဲကို တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ (၁၄-၁၁-၂၀၁၃) ရက်နေ့တွင် လည်းကောင်း၊ ရွှေစက်တော်ဘေးမဲ့တောမှ ဝန်ထမ်းများသည် ပညာပေးဟောပြောခြင်းနှင့်    သစ်တောသယံဇာတအပေါ်မှီခိုမှုစစ်တမ်းကောက်ခြင်း ကွင်းဆင်းဆောင်ရွက်မှုကို (၂၁.၁၁.၂၀၁၃)မှ (၂၉-၁၁-၂၀၁၃) ရက်နေ့အထိ တောင်ပန်း၊ စံပြ၊ ရေဖြူတွင်း စသော ကျေးရွာ(၉)ရွာတွင် လည်း ကောင်း၊ နွားထိုးကြီးမြို့နယ် မင်းစုံတောင်ဘေးမဲ့တောမှ ဝန်ထမ်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို (၁၂-၁၁-၂၀၁၃)၊ (၂၃-၁၁-၂၀၁၃) မှ (၂၄-၁၁-၂၀၁၃) ရက်နေ့အထိ လည်းကောင်း၊ (၂၆-၁၁-၂၀၁၃) မှ (၂၇-၁၁-၂၀၁၃) ရက်နေ့အထိ တတ်စီ၊ လက်ပံ၊ ဆူးဖြူကန်၊ မှက္ခရာ၊ ဖက်ခူး ကျေးရွာ(၅)ရွာ၌ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ(၃၅၅)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။