၀န်ကြီးဌာနမှ တည်ထောင်ထားရှိသည့် စီးပွားရေးစိုက်ခင်း

ကျွန်း ၊ ပျဉ်းကတိုး ၊ ပိတောက် ၊ ထင်းရှူး ၊ ယမနေ ၊ ယင်းမာ အစရှိသော အဖိုးတန် သစ်မျိုးများဖြင့် နိုင်ငံခြားနှင့် ပြည်တွင်းစျေးကွက်များတွင် ထုတ်လုပ်ရောင်းချရန် ဦးတည်ချက်ဖြင့် တည်ထောင်သည့် စိုက်ခင်းဖြစ်ပါသည်။ အဖိုးတန်သစ်မျိုးများဖြစ်သည့် အလျောက် သစ်မျိုးတစ်ခုစီအလိုက် အကောင်းဆုံးပေါက်ရောက် ဖြစ်ထွန်းနိုင်သည့် ဒေသနှင့် မြေအမျိုးအစားတွင် စိုက်ခင်းတည်ထောင်ခြင်းကို ဆောင်ရွက်ပါသည်။