လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံအတွက် နိုင်ငံတကာ အဆင့်မီ ISO လက်မှတ်များရရှိ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီ ရင်ခံစာပါ အပိုဒ် ၈၂ (က)၊ အပိုဒ်ခွဲ (၂၉) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ အနီးရှိမြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ် စက်ရုံ သည် အန္တရာယ် ရှိသောဓာတုပစ္စည်းစက်ရုံ( Hazardous Chemical Plant)ဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်နိုင်ရန် နိုင်ငံတကာအသိအမှတ်ပြု ISO Certificates များ ရယူထားခြင်း မရှိ သည့်အတွက် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရန်နှင့် နိုင်ငံတကာ ပြဌာန်းချက် များ၊ စံချိန်စံညွှန်းများနှင့်အညီ ISO Certificates များရယူရန်လိုအပ်ကြောင်း အကြံပြုခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်အတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံအတွက် ISO Certificates များရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ISO Certificates များရရှိရေးအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည် United Kingdom အခြေစိုက်၊ စင်္ကာပူနိုင်ငံရုံးခွဲ၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံရှိ Guardian Independent Certification-GIC (Myanmar) Co., နှင့် ၈-၅-၂၀၁၃ ရက်နေ့တွင် စာချုပ်ချုပ် ဆိုခဲ့ပြီး အဆိုပါကုမ္ပဏီမှအဖွဲ့ဝင် (၅)ဦးသည် စက်ရုံသို့ လာရောက်၍ ၁၃-၅-၂၀၁၃ မှ ၁၇-၅-၂၀၁၃ ရက်နေ့အထိ သင်တန်းပို့ချခြင်း၊ ISO လက်မှတ် (၃) စောင် ရရှိရေးအတွက် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ခြင်း၊ ၁-၆-၂၀၁၃ ရက်နေ့အား Effective Date အဖြစ် စတင်သတ်မှတ်၍ ကြိုတင် ပြင်ဆင်မှု (၆) လသတ်မှတ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ကြိုတင်ပြင်ဆင်မှုကာလအတွင်း စာရွက်စာတမ်းများအား သတ်မှတ်ချက်နှင့်အညီ မှတ်တမ်း များရေးသွင်းခြင်း၊ စနစ်တကျထိန်းသိမ်းခြင်း၊ Process ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်သည့် အစီအမံ များ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ စက်ပိုင်းဆိုင်ရာများ ပြုပြင် ဆောင်ရွက်ခြင်း၊ Safety ပိုင်းဆိုင်ရာ Equipment များ ဖြည့်ဆည်းခြင်း၊ မီးဘေးလုံခြုံရေးအတွက် ပိုမိုကောင်းမွန်သည့် အစီအမံများ ပြုလုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ရေများအား ဘေးအန္တရယ် ကင်းရှင်းရေး စဉ်ဆက်မပြတ် ဂရုပြု ဆောင်ရွက်ခြင်း၊ အဆောက်အဦပိုင်းဆိုင်ရာများ ပြုပြင်မွမ်းမံခြင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှု ဆိုင်ရာ လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် စေခဲ့သည်။ GIC Myanmar Co; မှTraining Manager ဦးဆောင်၍ ၂၉-၈-၂၀၁၃ ရက်နေ့မှ ၃၀-၈-၂၀၁၃ ရက်နေ့အထိ ပြန်လည်စစ်ဆေးခြင်းနှင့် ၁၆-၁၂-၂၀၁၃ ရက်နေ့ မှ ၁၈-၁၂-၂၀၁၃ ရက်နေ့အထိ နောက်ဆုံးအဆင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ Final Audit အဖြစ် အစစ်ဆေးခံယူခြင်း ကို ၈-၂-၂၀၁၄ရက်နေ့တွင် GIC Myanmar Co., မှ ဌာနေကိုယ်စားလှယ် ဒေါက်တာ တင်လတ် နှင့်United Kingdom အခြေစိုက်ရုံး၏ ကိုယ်စားလှယ် UAE( Dubai ) မှ Country Manager Mr. Asher Bilalတို့မှ လာရောက်စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ၁၀-၄-၂၀၁၄ ရက်နေ့တွင် အောက်ပါ ISO မှတ်များအား ထုတ်ပြန်ပေးခဲ့သည်- (၁) ISO 9001-2008 အရည်အသွေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Quality Management System) (၂) ISO 14001-2004 သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် ( Environmetal Management System) (၃) OHSAS-18001-2007 လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Management System) လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက် အတိုင်း မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံအတွက် နိုင်ငံတကာစံညွှန်းများနှင့် ကိုက်ညီသည့် ISO လက်မှတ်များ ရရှိပြီးဖြစ်သော်လည်း စက်ရုံလည်ပတ်နေစဉ်ကာလအတွင်း ပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မည့် အခြေအနေများအား လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီမှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။