(၁၃)ကြိမ်မြောက်အာဆီယံသစ်ထောက်ခံချက်ပြုရေးလုပ်ငန်းအဖွဲ့အစည်းအဝေး “Thirteenth Meeting on the Working Group of a Pan ASEAN Timber Certification Initiative” ကျင်းပခြင်းသတင်း ( အမရဟိုတယ်၊ နေပြည်တော် ) ၃-၆-၂၀၁၄

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ယနေ့ နံနက်(၀၈:၄၅)နာရီအချိန်တွင် နေပြည်တော် အမရဟိုတယ်၌ ကျင်းပ ပြုလုပ်သော (၁၃)ကြိမ်မြောက်အာဆီယံသစ်ထောက်ခံချက်ပြုရေးလုပ်ငန်း အဖွဲ့အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာမှ အစိုးရမဟုတ်သောမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့(၁၃)ကြိမ်မြောက် အာဆီယံသစ်ထောက်ခံ ချက်ပြုရေးလုပ်ငန်းအစည်းအဝေးအား မြန်မာနိုင်ငံနေပြည်တော်တွင် ကျင်းပခွင့်ရရှိသောကြောင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ သစ်ထောက်ခံချက်ပြုရေးလုပ်ငန်းစဉ်သည် (၁၉၉၂)ခုနှစ်က ဘရာဇီး နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သောကမ္ဘာမြေထိပ်သီးညီလာခံ(Earth Summit) အစည်းအဝေးဆုံး ဖြတ်ချက်များအရ သစ်တောများတည်တံ့စေရေးအတွက် ရည်ရွယ်သောအရေးကြီးသည့် လုပ်ငန်း စဉ်တစ်ခုဖြစ်ကြောင်း၊ (၂၀၁၀)ခုနှစ် Rio Forest Certification Declaration ကြေညာချက် အရသဘာဝသစ်တောများရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးနှင့်စီမံအုပ်ချုပ်နိုင်ရေးအတွက် သစ်ထောက် ခံချက်ပြုလုပ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ လိုက်နာဆောင်ရွက်ရန် စံချိန်စံညွှန်းများ ရေးဆွဲ ပြဌာန်းပြီးဖြစ်ပါကြောင်း၊ အာဆီယံဒေသအတွင်း၊ ကျေးလက်နေပြည်သူလူထု အများစုသည် စားဝတ်နေရေးလိုအပ်ချက်များအတွက် သဘာဝသယံဇာတများအပေါ် နည်းမျိုးစုံဖြင့် အမှီသဟဲပြု နေထိုင်လျက်ရှိရာ အဆိုပါ သစ်တောများမှ ရေရှည်ထုတ်ယူနိုင်ရေးအတွက် သစ်ထောက်ခံချက် ပြုရေးနှင့်စပ်လျဉ်း၍ လိုက်နာရမည့်စည်းကမ်း(၁၀)ချက်ကို ပြဌာန်းခဲ့ပြီး စံချိန်စံညွှန်းများနှင့် အညီအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း------- လက်ရှိကမ္ဘာ့စျေးကွက်တွင်လည်းထောက်ခံချက်ရပြီးသစ်တောထွက်ပစ္စည်းများ(Certified Forest Products)များကိုသာ ဝယ်ယူလာကြသည့်အတွက် မိမိတို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများ အနေဖြင့် (ASEAN Economic Community Blueprint AEC) အာဆီယံ စီးပွားရေး အသိုက် အဝန်း၏ ရည်မှန်းချက်နှင့်အညီ အာဆီယံသစ်ထောက်ခံချက်ပြုရေး လုပ်ငန်းစဉ်များကို သတ်မှတ် ကာလအတွင်း ဟန်ချက်ညီညီပူးပေါင်း၍ တွန်းအားပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အာဆီယံ သစ်ထောက်ခံချက်ပြုရေး လုပ်ငန်းအဖွဲ့အနေဖြင့် သစ်တောထောက်ခံချက်ပြုရေး လုပ်ငန်းအစီ အစဉ် ကိုတစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်ရန်လမ်းညွှန်ချက်များချမှတ်ခြင်း(ASEAN Guidlines on Phased Approach to Forest Certification)၊ တရားဝင်သစ်ဖြစ်ကြောင်း စံချိန်စံညွှန်း သတ်မှတ်ခြင်း (ASEAN Criteria and Indicators for Legality of Timber)၊ ထုတ်လုပ် သည့်သစ်နှင့် သစ်တောထွက်ပစ္စည်းများနှင့်ပတ်သက်၍ တရားဝင်သစ်နှင့် ထာဝစဉ်တည်တံ့စေ သော သစ်တောစီမံအုပ်ချုပ်မှုရှိသော သစ်တောများမှထွက်ရှိသည့်သစ်ဖြစ်ကြောင်း နောက်ကြောင်း ပြန်စစ်ဆေးနိုင်ရန်အတွက် လမ်းညွှန်ချက်များချမှတ်ခြင်း(ASEAN Guitedlines for Chain of Custody of Legal Timber and Sustainable Timber) တို့ကိုလုပ်ငန်းအစီ အစဉ်နှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း---- မိမိတို့နိုင်ငံသည် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ ဆင်းရဲနွမ်းပါးမှုနှင့် လူဦးရေတိုးပွားမှု ကြောင့် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစားကျဆင်းမှုတို့ ကြုံတွေ့လာရပါကြောင်း၊ ထို့အပြင် နည်းပညာနှင့် အရင်းအနှီးချို့တဲ့မှု၊ ဈေးကွက်ကန့်သတ်ချက်များကြောင့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရောင်းချရာတွင် အခက်အခဲများရှိခဲ့ပါကြောင်း၊ ယခု နိုင်ငံတော် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ နည်းပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်ပြီး တန်ဖိုးမြှင့် သစ်အချောထည်များ ထုတ်လုပ်ရောင်းချရေးဆိုင်ရာ မူဝါဒ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း လျော်ညီအောင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း---- မြန်မာနိုင်ငံရှိသစ်တောသယံဇာတများ တရားမဝင်ထုတ်လုပ်မှုမရှိစေရေး၊ တရားဝင် သစ်တောထွက်ပစ္စည်းများကိုသာ ဥရောပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးနှင့် မြန်မာနိုင်ငံအား ဥရောပသမဂ္ဂ၏ သစ်တောဥပဒေသက်ရောက်မှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း (EU-Forest Law Enforcement, Governance and Trade Voluntary Partnership Agreements- EU-FLEGT VPAs)အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖွဲ့စည်း သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ထောက်ခံချက်ပြုရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးစနစ် (Myanmar Forest CetificationScheme-MFCS) ကိုအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယနေ့တက်ရောက်လာကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေနှင့်လည်း မိမိတို့နိုင်ငံအသီးသီးရှိ သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု အတွေ့ အကြုံများ၊ နည်းလမ်းကောင်းနှင့် အမြင်များကိုအပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အာဆီယံ သစ်ထောက်ခံချက်ပြုရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါ ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ (၁၃)ကြိမ်မြောက် အာဆီယံသစ်ထောက်ခံချက်ပြုရေးလုပ်ငန်း အဖွဲ့စည်းကို အမရ ဟိုတယ်တွင် (၃-၆-၂၀၁၄)ရက်နေ့မှ (၄-၆-၂၀၁၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။