ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် REDD + ဆိုင်ရာ သစ်တောသယံဇာတစာရင်းကောက်ယူခြင်းနှင့် RS/ GIS သင်တန်းဖွင့်ပွဲ တက်ရောက်ခြင်း သတင်း (၁-၁၂-၂၀၁၄)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် REDD + ဆိုင်ရာ သစ်တောသယံဇာတစာရင်းကောက်ယူခြင်းနှင့် RS/ GIS သင်တန်းဖွင့်ပွဲ တက်ရောက်ခြင်း သတင်း
(၁-၁၂-၂၀၁၄)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် REDD + ဆိုင်ရာ သစ်တောသယံ ဇာတစာရင်းကောက်ယူခြင်းနှင့် RS/ GIS သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်၊ သင်တန်းသား/သူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို သစ်တောဦးစီးဌာန နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တောအုပ်ကြီးအဆင့် ဝန်ထမ်းများ REDD + ဆိုင်ရာ သစ်တောသယံဇာတစာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် နည်းစနစ်နှင့် ပစ္စည်းကိရိ ယာများ ကိုင်တွယ်အသုံးပြုရာတွင် ပိုမိုတတ်သိနားလည်လာစေရန် ရည်ရွယ်၍ တက်ရောက်စေ ခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာန မြို့နယ်အဆင့်များတွင် မကြာမီဦးစီးအရာရှိအဖြစ် ပါဝင် ထမ်းဆောင်ကြရမည့် တောအုပ်ကြီးများကို မိမိတာဝန်ယူစီမံအုပ်ချုပ်ရသော နယ်မြေများအတွင်း သစ်တောသယံဇာတအရင်းအမြစ် အမှန်တကယ်တည်ရှိနေမှု၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော များအတွင်း လက်ရှိမြေအသုံးချမှုဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်နေမှု စသည့် ကိန်းဂဏန်းအချက် အလက်များ စုစည်းပြုစုရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အသီးသီးရှိပြီးဖြစ်သကဲ့သို့ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ကို နှစ်ပေါင်းများစွာလုပ်ကိုင်လာနိုင်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းများရှိခဲ့ကြောင်း၊
ယခုအခါ လူဦးရေးတိုးပွားလာသည်နှင့်အမျှ နေ့စဉ်သုံးသစ်တောထွက်ပစ္စည်းလိုအပ်ချက် များ များပြားလာခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်လာခြင်း၊ မြို့ပြများတိုးချဲ့လာခြင်းနှင့် ဆောက်လုပ်ရေး နှင့် အိမ်သုံးပစ္စည်း အစရှိသည့် သစ်တောထွက်ပစ္စည်းလိုအပ်ချက်များ တိုးမြှင့်လာခြင်းကြောင့် အစဉ်လာကောင်းနှင့် နှစ်ပေါင်းရာချီထိန်းသိမ်းခဲ့သည့် သစ်တောများသည် အတန်းအစားနိမ့်ကျပြီး တောထွက်လျော့ကျလာသည့်အခြေအနေနှင့် ရပ်ဆိုင်နေရပြီဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေ အနေမှ လွတ်မြောက်ရန်အတွက် သစ်တောဦးစီးဌာန၏ အခန်းကဏ္ဍသည် အရေးပါလာကြောင်း၊ သို့သော် ပြည်သူလူထုပါဝင်မှုမရှိပဲ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်မဟုတ်သောကြောင့် ဒေသ ခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ဌာနဝန်ထမ်းများမှ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ထို့ကြောင့် ယခုသင်တန်းတွင် သစ်တောဦးစီးဌာနရှိ အတွေ့အကြုံရင့်ကျက်သည့် သင်တန်း နည်းပြများမှ သစ်တောပြုန်းတီးခြင်းနှင့် တောအတန်းအစားကျဆင်းခြင်း အကြောင်းတရားများ REDD+ လုပ်ငန်းစဉ်များ၊ ဒေသခံပြည်သူများ၏ အခြေခံရပိုင်ခွင့်များအား ကာကွယ်ပေးထားမှု များ အစရှိသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားသွားကြမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မျက်မှောက်ခေတ်သစ်တောအခန်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် နည်းပညာကျွမ်းကျင်စွာလုပ်ဆောင်နိုင်ပြီး နောင်အနာဂတ်အတွက် စွမ်းဆောင်ရည်ပြည့်ဝ သည့် အရာရှိကောင်းများ ဖြစ်ထွန်းလာစေရန် ကြိုးစားလေ့ကျင့်သင်ယူသွားကြပါဟု ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
ယခုသင်တန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာတို့မှ တောအုပ်ကြီး၊ ဒုဦးစီးမှူး အဆင့်ရှိ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြပြီး (၁-၁၂-၂၀၁၄) ရက်နေ့မှ (၁၂-၁၂-၂၀၁၄) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။