ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား United Nations Office for Project Service (UNOPS) Myanmar မှ Representative and Director Mr.Sanjay Mathur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လာရောက် တွေ့ဆုံ(၉-၁၂-၂၀၁၄)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား United Nations Office for Project Service (UNOPS)  Myanmar မှ Representative and Director Mr.Sanjay Mathur ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့လာရောက် တွေ့ဆုံ(၉-၁၂-၂၀၁၄)

            ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား UNOPS  Myanmar မှ Representative and Director ဖြစ်သူ Mr.Sanjay Mathur ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်နေ့၊ (၁၆:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

            ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန စီမံကိန်းနှင့်စာရင်း အင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

            ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင်  UNOPS  မှ ကမ္ဘာတစ်ဝန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်း များ၊ မြန်မာနိုင်ငံ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းကြောင့် ကာဗွန် ထုတ်လွှတ်မှုလျော့ချရေး လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ အခြားနိုင်ငံများ၏ အတွေ့ အကြုံများ၊ နည်းပညာရပ်များဆိုင်ရာ ဖလှယ်ရေးလုပ်ငန်းများ၊ UNOPS  မှ ဆောင်ရွက်လျက်ရှိ သော Livelihood and Food Security Trust Fund (LIFT) ၊ Three Millennium Development Goal Fund (3 MDG) နှင့် Global Fund တို့နှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များနှင့်ပတ်သက် ၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။