ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန (CFDTC) မှော်ဘီမြို့နှင့် CFDTC သင်တန်းကျောင်းခွဲ ပုသိမ်ကြီးမြို့

၁။     နောက်ခံသမိုင်းအကျဉ်း

          သစ်တောသယံဇာတအရင်းအမြစ်များအား ရေရှည်တည်တံ့အောင်   ပြုစုထိန်းသိမ်းပြီး စနစ်တကျစီမံအုပ်ချုပ် ထုတ်ယူသုံးစွဲရန်အတွက် သစ်တောဝန်ထမ်းများ၊ကျေးလက်ပြည်သူများ နှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအား သစ်တောကာကွယ်ထိန်းသိမ်းရေး၊သစ်တောစိုက်ပျိုးပြုစုရေး နှင့်  လူမှုသစ်တောလုပ်ငန်းနှင့်ပတ်သက်သည့် ကာလတိုလုပ်ငန်းခွင်ပညာပေးသင်တန်းများဖွင့် လှစ်ပို့ချနိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရအကူအညီဖြင့်ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေးဌာန(Central Forestry Development Training Center-CFDTC) အား ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့တွင်  ၁၉၈၈ခုနှစ် ဖေဖော်ဝါရီလတွင် စတင် တည်ဆောက်ခဲ့ရာ၊ ၁၉၉၀ခုနှစ်၊ မတ်လတွင် တည်ဆောက်ရေးပြီးစီး၍ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး  မေလမှစတင်၍ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ကျေးလက်ပြည်သူများနှင့် သစ်တောဝန်ထမ်းများအား လူမှုသစ်တောပညာရပ်ဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ၏ အကူအညီဖြင့် ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းကျောင်းခွဲ (CFDTC, Sub enter)အား၊ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ် တွင်  တည်​ဆောက်ခဲ့ရာ၊၂၀၀၃ခုနှစ် မေလတွင် ပြီးစီး၍ ၂၀၀၄ခုနှစ်မှ စတင်ပြီး သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိ ပါသည်။

၂။     လက်ရှိဖွဲ့စည်းပုံ

           ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊မှော်ဘီတွင် ဒုတိယညွှန်ကြား ရေးမှူး(၁)ဦး၊လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊  ဦးစီးအရာရှိ(၄)ဦး၊တောအုပ်ကြီး(၁၀)ဦး၊ အငယ်တန်းအင်ဂျင်နီယာ(၁)ဦး၊ဌာနခွဲစာရေး(၁)ဦး၊အကြီးတန်းစာရေး(၁)ဦး၊တောခေါင်း(၁၀)ဦး၊   လျှပ်စစ်ကျွမ်းကျင်-၃(၁)ဦး၊   အငယ်တန်းစာရေး(၂)ဦး၊  အငယ်တန်းလက်နှိပ်စက်(၂)ဦး၊  ပစ္စည်းထိန်း-၄(၁)ဦး၊ ယာဉ်မောင်းစက်ပြင်-၅(၁)ဦး၊  အမှုတွဲထိန်း(၁)ဦး၊ ရုံးအကူ(၇)ဦး၊    စုစု ပေါင်း ဝန်ထမ်း(၄၄)ဦး တို့ဖြင့် ဖွဲ့စည်းထားပါသည်။

၃။     လက်ရှိဝန်ထမ်းစာရင်း

        ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊မှော်ဘီနှင့်ပုသိမ်ကြီးသင်တန်းကျောင်းခွဲတို့အတွက် ဒုတိယညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ ဦးစီးအရာရှိ(၈)ဦး၊တောအုပ်ကြီး(၂)ဦး၊ အငယ်တန်းအင်ဂျင်နီယာ(၁)ဦး၊ ဌာနခွဲစာရေး(၁)ဦး၊   ဓါတ်ခွဲခန်းကျွမ်းကျင်-၂(၁)ဦး၊ အကြီးတန်းစာရေး(၃)ဦး၊ တောအုပ်(၂)ဦး၊ ယာဉ်မောင်းစက်ပြင် -၃(၁)ဦး၊ တောခေါင်း(၅)ဦး၊ အငယ်တန်းစာရေး(၄)ဦး၊အငယ်တန်းလက်နှိပ်စက်(၂)ဦး၊ ပစ္စည်း ထိန်း-၄(၁)ဦး၊ ယာဉ်မောင်းစက်ပြင်-၄ (၄)ဦး၊ ယာဉ်မောင်းစက်ပြင်-၅(၁)ဦး၊ တောကြပ်(၅)ဦး၊ အမှုတွဲထိန်း(၂)ဦး၊ ရုံးအကူ(၂၁)ဦး၊    စုစုပေါင်း ဝန်ထမ်း(၆၆)ဦး ခန့်ထားဆောင်ရွက်လျက် ရှိပါသည်။ 

၄။     ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်အတွင်းဖွင့်လှစ်သည့်သင်တန်းများ

(က)    မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၏ ၂၀၁၃-၂၀၁၄ သင်တန်းစီမံချက်အရ ၂၀၁၃ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း သင်တန်း (၉)ကြိမ်၊ သင်တန်း(၉)မျိုး ၊သင်တန်းသားစုစုပေါင်း(၂၈၆)ဦးကို ပူးတွဲဖော်ပြပါ သင်တန်းများ ပို့ချပေး ခဲ့ပါသည်။ 

(ခ)     မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန တွင်လည်း အခြား(ပုံမှန်ဖွင့်သည့်သင်တန်းမဟုတ်) သင်တန်း(၃)မျိုးသင်တန်း(၃)ကြိမ် ၊သင်တန်းသား (၁၅၇)ဦးဖြင့်ဖွင့်လှစ်ခဲ့ပါသည်။ 

(ဂ)     ပုသိမ်ကြီးမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်း ကျောင်းခွဲတို့တွင် ၂၀၁၃-၂၀၁၄ သင်တန်းစီမံချက်အရ၂၀၁၃ခုနှစ် ဧပြီလ မှ ဒီဇင်ဘာလအတွင်း သင်တန်း( ၇ )ကြိမ်၊ သင်တန်း( ၅ )မျိုး၊သင်တန်းသား  စုစုပေါင်း( ၁၄၈ )ဦးအားသင်တန်းများ ပို့ချပေးခဲ့ပါသည်။ 

          ကျေးလက်ပြည်သူများအတွက် လျာထားဖွင့်လှစ်သော သင်တန်းများအား သင်တန်းသားများသွားလာမှု လွယ်ကူရေးနှင့် လက်တွေ့ကွင်းဆင်း ခရီးစဉ်များအား သင်တန်းသားများ၏ ဒေသအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်အတွက်             သင်တန်းသားများရှိရာ ဒေသတွင်းရှိ သစ်တောစခန်းများသို့ သွားရောက်ပို့ချ ပေးလျက်ရှိပါသည်။ အဆိုပါသင်တန်းများတွင် ပုဂ္ဂလိက သစ်တောစိုက်ခင်းများမှ သင်တန်းများကိုပါ ဖိတ်ခေါ်၍ သင်တန်းပို့ချပေးလျက်ရှိပါသည်။

(ဃ)   မှော်ဘီမြို့၊ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာနတွင်၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့မှ(၂၄)ရက်နေ့အထိ သစ်တောစိုက်ခင်း တည်ထောင် ခြင်း နည်းစနစ်များဆိုင်ရာ သင်တန်းအမှတ်စဉ်(၅၂)ကို တောအုပ်အဆင့်သင်တန်းသား(၃၀)ဦး နှင့်ပုဂ္ဂလိက သစ်တောစိုက်ခင်း လုပ်ငန်းကုမ္ပဏီများမှ စိတ်ဝင်စားသည့် သင်တန်းသား(၁၀)ဦး၊ စုစုပေါင်းသင်တန်းသား(၄၀)ဦးဖြင့် လည်းကောင်း၊ ဇန်နဝါရီလ (၆)ရက်နေ့မှ(၁၅)ရက်နေ့အထိ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့            လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၂)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် သင်တန်းသား(၁၀၀)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်မည်ဖြစ် ပါသည်။

(င)     ပုသိမ်ကြီးမြို့၊ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းကျောင်းခွဲတွင် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ပူးပေါင်း ပါဝင်သောတိုးချဲ့ ပညာပေးရေးနည်းလမ်းသင်တန်းအမှတ်စဉ်(၃၃)ကို  တောအုပ်အဆင့် သင်တန်းသား (၂၅)ဦး ဖြင့် ဖွင့်လှစ်မည်ဖြစ်ပါသည်။

(စ)     သစ်တောသုတေသနဌာန၊ ရေဆင်းတွင် ဌာနတွင်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၂)မျိုးကို သင်တန်းသား(၄၆)ဦးဖြင့် ပူးတွဲဖော်ပြပါအတိုင်း နှစ်ကြိမ် ခွဲ၍ သင်တန်းပို့ချပေးခဲ့ပါသည်။ ပူးတွဲ( ၄  )

၁၀။   လက်ရှိဆရာ/ဆရာမအင်အား

(က)    မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနတွင် သင်တန်းပို့ချသော ဆရာများမှာ   ညွှန်ကြားရေးမှူး(၁)ဦး၊ ဒုတိယညွှန်ကြားရေးမှူး(၁)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၈)ဦး၊ ဦးစီးအရာရှိ (၁၃)ဦး၊  တောအုပ်ကြီး  (၂)ဦး၊တောအုပ်/ တောခေါင်း(၃)ဦး တို့ဖြင့် ပို့ချပါသည်။

(ခ) ပုသိမ်ကြီးမြို့၊ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊သင်တန်းကျောင်းခွဲတို့တွင် သင်တန်းပို့ချသောဆရာများမှာ ဒုတိယညွှန်ကြားရေးမှူး(၁)ဦး၊လက်ထောက်ညွှန်ကြားရေးမှူး(၂)ဦးနှင့် ဦးစီးအရာရှိ(၇)ဦးတို့ ပို့ချပါသည်။

(ဂ)     သစ်တောသုတေသနဌာန၌  ပို့ချသောသင်တန်းများတွင် သစ်တောဦးစီးရုံးချုပ် မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိအဆင့်နှင့် အခြားဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးတို့ဖြင့် သင်ကြား ပို့ချခဲ့ပါသည်။

                 ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အတွင်းCFDTC ​ပုသိမ်ကြီးမြို့တွင်ဖွင့်လှစ်ခဲ့သည့် သင်တန်းများ               

စဉ်

သင်တန်းအမည်

သင်တန်း သား

အဆင့်

သင်တန်း

ကာလ

လျာထား

ဦးရေ

တက် ရောက်

ဦးရေ

မှတ် ချက်

 

မှ

ထိ

ရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်း သင်တန်းအမှတ်စဉ်(၄)

တောခေါင်း

၆.၅.၁၃

၁၇.၅.၁၃

၂၀

၁၉

ပတ်

ပူးပေါင်းပါဝင်သောတိုးချဲ့ပညာပေးခြင်း နည်းစနစ်သင်တန်းအမှတ်စဉ်(၂၄)

တောအုပ်ကြီး

၃.၆.၁၃

၁၄.၆.၁၃

၂၅

၂၄

ပတ်

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောပညာ

ဖွံ့ဖြိုးတိုးတက်မှုသင်တန်းအမှတ်စဉ်(၁၈)

ပြည်သူ

၁.၇.၁၃

၁၂.၇.၁၃

၂၀

၂၀

ပတ်

ဝါးပျိုးထောင်စိုက်ပျိုးခြင်းနှင့် ဝါးထွက်ပစ္စည်းထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၇)

ပြည်သူ

၅.၈.၁၃

၁၆.၈.၁၃

၂၀

၂၀

ပတ်

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောပညာ ဖွံ့ဖြိုးတိုးတက်မှုသင်တန်းအမှတ်စဉ်(၂၀)

ပြည်သူ

၉.၉.၁၃

၂၀.၉.၁၃

၂၀

၂၀

ပတ်

သီးနှံသစ်တောပညာသင်တန်းအမှတ်စဉ် (၆၇)

တောခေါင်း

ပုဂ္ဂလိက

၇.၁၀.၁၃

၁၈.၁၀.၁၃

၁၅

၁၀

၁၅

၁၀

ပတ်

သီးနှံသစ်တောပညာသင်တန်းအမှတ်စဉ် (၆၈)

(ကသာခရိုင်၊FRIဖက်ဆွတ်စခန်း)

ပြည်သူ

ပုဂ္ဂလိက

၂.၁၂.၁၃

၁၃.၁၂.၁၃

၁၀

၁၀

၁၃

ပတ်

ပူးပေါင်းပါဝင်သောတိုးချဲ့ပညာပေးရေး နည်းလမ်းသင်တန်းအမှတ်စဉ်(၃၃)

တောအုပ်

၆.၁.၁၄

၁၇.၁.၁၄

၂၅

၂၅

ပတ်

ပူးပေါင်းပါဝင်သောတိုးချဲ့ပညာပေးခြင်း နည်းစနစ်သင်တန်းအမှတ်စဉ်(၂၅)

ဦးစီးအရာရှိ

၁၀.၂.၁၄

၂၁.၂.၁၄

၂၀

၁၈

ပတ်

၁၀

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ

သင်တန်းအမှတ်စဉ်(၁၁)

ဦးစီးအရာရှိ

၃.၃.၁၄

၁၄.၃.၁၄

၂၀

၁၆

ပတ်