၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၉-၁၀-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၄.၇၄၉၀)တန်၊ သစ်မာ (၁၄.၁၇၈၆)တန်၊ အခြား (၆၇.၇၉၉၈)တန်၊ စုစုပေါင်း (၂၀၆.၇၂၇၄)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၁၉) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၁၀-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့မဘိနယ်၊ အုတ်ပုံကျေးရွာတောင် ဘက်စွန်း၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းမှ (၂)ဖာလုံခန့်အကွာရှိ ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၃၉၇)ချောင်း (၆၉.၅၃၉၈)တန်၊ ကရိန်းယာဉ် (၁)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-
date:
Thursday, November 2, 2023 - 12:00