သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ရုံးအကူ/စာပို့ (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၄) နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ရုံးအကူ/စာပို့ (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူဖြစ်ရမည်၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
( ဂ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှထုတ် ပယ်ခြင်း (Removal)၊ အမည်မည်းစာရင်း (Black List) ရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့်မရှိပါ။
(ဃ) အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူ (အောင်လက်မှတ်မူရင်း တင်ပြရ ပါမည်) ဖြစ်ရမည်၊
( င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
( စ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ ထောက်ခံချက်အား တင်ပြ နိုင်သူဖြစ်ရမည်၊
( ဆ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃)နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ တစ်ဖက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.com သို့ Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်မိတ္တူ
(စစ်ဆေးသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတ ဘာသာရပ်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း တို့ ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်ပါသည်-
ဖြေဆိုမည့်နေ့ရက် - ၉-၁၀-၂၀၂၅(ကြာသပတေးနေ့)
အချိန် - ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ
ဖြေဆိုရမည့်ဘာသာရပ် - အထွေထွေဗဟုသုတ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်း စီ၏ စာမေးပွဲခုံနံပါတ် နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန၏ Website- www.forestdepartment.gov.mm တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်သည်။ စုံစမ်းမေးမြန်း လိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၄၀၃/ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက် သွယ်မေးမြန်းနိုင်ပါသည်။

date: 
Friday, September 19, 2025 - 21:15