မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ၈-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း တွင် " မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ" ပြည်နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြ ပြီး အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းထွန်း-၂ မှ လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့ အန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေး အစီအစဉ်၊ ဒီရေတောများအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြကြောင်း နှင့်ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Friday, November 8, 2024 - 17:30