ကချင်ပြည်နယ်၊သစ်တောဦးစီးဌာနမှ "မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်နယ်အဆင့် အသိပညာပေးဟောပြောပွဲ" ကျင်းပ
ကချင်ပြည်နယ်၊သစ်တောဦးစီးဌာနမှ(၇.၁၁.၂၀၂၄) ရက်နေ့တွင်မြစ်ကြီးနားမြို့၊အမှတ် (၈)၊အခြေခံပညာအထက်တန်းကျောင်း၌"မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပြည်နယ်အဆင့် အသိပညာပေးဟောပြောပွဲ" ကျင်းပပြုလုပ်ရာကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများစုစုပေါင်း(၁၉၈)ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဟောင်းလွမ်းမှ “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဦးစီးအရာရှိ ဦးစိုးထိုက်မှ “တောမီးနှင့်မီးခိုး/မြူငွေ့ လျော့ချရေး အကြောင်း” တို့ကိုလည်းကောင်းအသီးသီး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ဆက်လက်၍ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်အချိုရည်ဗူးများ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။