စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျော့ချရေး နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ (၁၁-၁၁-၂၀၂၄)ရက်နေ့ (၁၀း၀၀)နာရီတွင်၊ရွေဘိုအ.ထ.က(၃) သိင်္ခ ခန်းမ၌ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝ ဘေးအန္တရာယ်အသိပညာပေး ဆိုင်ရာဟောပြောပွဲကျင်းပရာ ရွှေဘိုခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းကျော် မှ "မီးခိုး/ မြူငွေ့လျော့ချရေးနင့်သဘာဝဘေးအန္တရယ်ဆိုင်ရာ" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး တန့်ဆည်မြို့နယ် ဦးစီးမူးဦးကျော်မျိုးသူမှ power point ဖြင့် ထပ်မံရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ထိုနောက် သစ်တောဦးစီးဌာန၊ဦးစီးရုံးချုပ်မှ လစဥ်ထုတ်ဝေသော သစ်တောကြေးမုံ(၂၅ )အုပ်အား အ.ထ.က( ၃) ကျောင်းအုပ်ကြီးထံ ပေးအပ်လူဒါန်းခဲ့ပါကြောင်း၊ ပြောပွဲသို့ ရွှေဘိုအ.ထ.က ကျောင်းအုပ်ဆရာကြီးနင့်ဆရာ/ဆရာမများ ၊ဌာနဆိုင်ရာများ၊ ကျောင်းသူကျောင်းသားများနင့်တာဝန်ရှိသူများ စုစုပေါင်း(၁၃၅)ဦး တက်ရောက်ခဲ့ကြပါကြောင်းသတင်းရရှိပါသည်။