စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးဆိုင်ရာ အသိပညာပေးခရိုင်အဆင့်ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနမှ ၁၄-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်၌ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် ခရိုင်အဆင့် " မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးဆိုင်ရာ" အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကောလိပ်ကျောင်းသား/သူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်း (၃၄၃) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းမှ ရာသီဥတုပြောင်းလဲမှု လျှော့နည်းစေရေးအစီအစဉ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်မှ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်လေထုညစ်ညမ်းမှုထိန်းချုပ် ဆောင်ရွက်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အစီအစဉ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက် လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။ ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအားလေထုညစ်ညမ်းမှုဆိုင်ရာ PM 2.5 အကြောင်း အသိပညာပေးဗွီဒီယို ပြသခြင်း၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ လစဥ်ထုတ်ဝေသော သစ်တောကြေးမုံ(၅)အုပ် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲစာအုပ်များ အား ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးခြင်း ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထု ညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါကြောင်း သတင်းရရှိပါသည်။