စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ် နှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဥ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ်သစ်တောဦးစီးဌာနမှ (၂၄-၁၁-၂၀၂၄) ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် ခန္တီးမြို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများလူငယ်ဖွံဖြိုးကျောင်း၌ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဥ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပရာ ခန္တီးမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းမောင်မှ သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးအစီအစဥ်များ ရှင်းလင်းဆွေးနွေး ဟောပြောခြင်း၊တောအုပ်ဦးဝင်းခိုင်မှ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အစီအစဥ်များ ရှင်းလင်းဆွေးနွေး ဟောပြောခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒု/ဦးစီးမှူး ဦးသိန်းနိုင်ထွန်းမှ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာများ ရှင်းလင်ဆွေးနွေးဟောပြောခြင်းများအား Power Point ဖြင့် ရှင်းလင်းဟောပြောခဲ့ကြပါသည်။ဟောပြောပွဲသို့ လူငယ်ဖွံဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်သူ ပါ ဝန်ထမ်း(၅)ဦး၊ ပတ်ဝန်းကျင်ထန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၁၅)ဦး၊ကျောင်းသား/သူ (၁၂၀)ဦး၊ စုစုပေါင်း (၁၄၅)ဦး တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာန၊ဦးစီးရုံးချုပ်မှ လစဥ်ထုတ်ဝေသော သစ်တောကြေးမုံ (၁၅)အုပ်အား သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးမှ ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Sunday, November 24, 2024 - 14:30