မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်တွင်ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ်နှင့်မီးခိုး/မြူ​​ငွေ့လျှော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

(၂၆-၁၁-၂၀၂၄)ရက်နေ့(၁၃း၃၀)နာရီတွင်မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)အစီအစဥ်အားဖျောက်ဆိပ်ကုန်းကျေးရွအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျင်းပပြုလုပ်ခဲ့ရာအထက်တန်းနှင့်အလယ်တန်းဆင့်ကျောင်းသား/ကျောင်းသူ(၆၁)ဦး၊ဆရာ/ဆရာမ(၉)ဦး၊စုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်မလှိုင်မြို့နယ်သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးဦးချစ်သိန်းကရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊သဘာဝဘေးအန္တရာယ်နှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းများကိုဆွေးနွေးဟောပြောခဲ့ပြီးကျောင်းသား/ကျောင်းသူများမှသိရှိလိုသည်များပြန်လည်ဖြေကြား၍အသိပညာပေးလက်ကမ်းစာစောင်များပေးဝေပြီး(၁၅း၀၀)နာရီတွင်အခမ်းအနားအောင်မြင်စွာပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 27, 2024 - 13:45