Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် (၆-၁၀-၂၀၁၄) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အင်းလေးကန်ရေရှည်တည်တံ့ရေး နှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ ထိန်းသိမ်းရေး(၅)နှစ်စီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန စင်တာ -ACIAR (အာစီယာ) မှ Team Leader and Catchment Management Specialist ဖြစ်သူ Dr. CHRISTIAN HEINRICH ROTH ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် (၇-၁၀-၂၀၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် Solar Impulse and Party, Switzerland မှ CEO, Co-Founder Mr. Andre Borschberg နှင့် အဖွဲ့ အား ယနေ့၇-၁၀-၂၀၁၄ ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲနှင့် အာဆီယံ- တရုတ် ပတ်ဝန်း ကျင် ပူးပေါင်းထိန်းသိမ်းရေး ဖိုရမ်၂၀၁၄ သို့ တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးသည် အာဆီယံတရုတ်ပတ်ဝန်းကျင်ပူးပေါင်းထိန်းသိမ်းရေးဖိုရမ် ၂၀၁၄ ၌ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား အိန္ဒိယနိုင်ငံ၊ KCT Group of Companies, Mining Division မှ Head of Business Development ဖြစ်သူ Mr. Joydeep Banerjee ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ မှ ယနေ့ နေ့လည် (၁၃:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ (၁၂-၉-၂၀၁၄) ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် ကျင်းပပြုလုပ်သည့် ဒေသတွင်း အတွေ့ အကြုံကောင်းများကို ဆင့်ပွား၍ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ဖြန့်ဖြူးမှု မြှင့်တင်ရေး စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် United Nations Development Programme - UNDP မှ Country Director ဖြစ်သူ Mr. Toily Kurbanov ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၂၈-၈-၂၀၁၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ တောအုပ် အဆင့် သစ်တောဝန်ထမ်းများ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဝန်ထမ်းစိတ်ဓာတ်မြင့်မားစွာ ထားရှိတတ်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ “REDD+ဆိုင်ရာ လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်စာင့်ရှောက်မှု အစီအမံများ နှင့်ပြည်သူများ၏ ဆန္ဒသဘောထား ရယူခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားအား ယနေ့ နေ့လယ်(၁၄:၃၀) နာရီအချိန် တွင် နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။