၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာ မြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၇.၅.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်၌ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရုံးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ တာရပိုင်းကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများ၊ တာရပိုင်းကျေးရွာ အ.ထ.က မှဆရာ/ဆရာမ(၃)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ပေါင်း အမျိုးသား(၅၆)ဦး၊ အမျိုးသမီး(၁၂၇)ဦး၊ စုစုပေါင်း(၁၈၃)ဦးတက်ရောက်ခဲ့ကျပါသည်။ အခမ်းအနားတွင်ကျွန်းစုမြို့နယ် တာရပိုင်းကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးခင်စိုးနှင့် သစ်တောဝန်ထမ်းများမှ သစ်တောထိန်းသိမ်း၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ ရေအရင်းအမြစ်နှင့်ရေချွေတာရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးခိုးမြူငွေ့ဆိုင်ရာ Vido Clip ပြသခြင်း၊ သိရှိလိုသည်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၆.၅.၂၀၂၆) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ပိန္နဲကုန်းကျေးရွာ၊သာသနာ့ဟိတဘုန်းကြီးကျောင်းဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြော ပွဲသို့ ပိန္နဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၄၈)ဦး မ(၇) ဦးနှင့် ကျိုက်မရောမြို့နယ် ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း(၈)ဦး၊ စုစုပေါင်း ကျား(၅၆)ဦး၊ မ( ၇)ဦး၊စုစုပေါင်း(၆၃)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးထွဋ်ခေါင်ကျော် မှ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ကာ တက်‌ရောက်လာသည့်‌ ရွာသူ/သားများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၇-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊ကလွင် ကျေးရွာအုပ်စု၊ချောင်းတခင်းကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျေးရွာရာအိမ်မှူးဦးဘိုဘိုထွန်းနှင့်‌ရပ်မိရပ်ဖများ၊ရွာသားများ ကျား(၄၆)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ တက်ရောက်လာသူများအား"မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ "အကြောင်းအရာများကို အသိပညာ‌ပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၆-၅-၂၀၂၆)ရက်နေ့ (၁၆:၀၀)နာရီအချိန် အောင်လံမြို့နယ်၊ ပြလို့မြို့တွင် "သစ်တောထိန်းသိမ်းရေး၊‌တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အောင်လံမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး-ဦးကျော်စိုးနိုင်မှ သစ်တောထိန်းသိမ်း‌ရေးနှင့်မီးခို့မြူ‌ ငွေ့လျော့ချရေးဆိုင်ရာသိကောင်းစရာများနှင့်သစ်‌ တောဥပဒေဆိုင်ရာ သိ‌ကောင်းစရာ"များကိုလည်း ကောင်း ပြလို့မြို့ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူ‌အောင်မှ "တောမီးကာကွယ်‌ရေးစီမံချက်များကိုလည်း‌ေကာင်း၊ ပြလို့မြို့နယ်‌မြေမီးသတ်စခန်းမှ လ/ထဦးစီး ဦးကျော်ဇင်လတ်မှFire hotspotများလျော့နည်းစေရေးသိ‌ကောင်းစရာများကိုလည်းကောင်းဟောပြော ဆွေးနွေးပြီးလက်ကမ်းစာ‌ဆောင်များဖြန့်ဝေခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၇:၂၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ အောင်လံမြို့နယ်၊မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၃)ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ(၆) ဦး၊ မီးသတ်ဦးစီးဌာနမှ(၁)ဦးနှင့်ဒေသခံ (၅၀) ဦး၊ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိသည်။

သီပေါမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၆-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး နံနက်(၁၁:၃၀)နာရီအချိန်၌ သီပေါမြို့နယ်၊စံဖိတ်ကျေးရွာ စာသင်ကျောင်းတွင် ဆက်လက် ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ(၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။ သီပေါမြို့နယ်၊သစ်တောဦးစီးဌာန၊ နယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးအေးမင်းသူမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့ နယ်မှ သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၅-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ကျွန်းစုမြို့နယ်၊ မော်ခေါင်းတုန်းကျေးရွာ ၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ၊ကံမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦအောင်ရီ၊မော်ခေါင်းတုန်းကျေးရွာတာဝန်ခံဦးသိန်းသန်း၊မော်ခေါင်းတုန်းကျေးရွာ CF ဥက္ကဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနဝန်ထမ်း(၃)ဦး၊အမျိုးသား (၃၆)ဦး၊ အမျိုးသမီး (၂၉)ဦး၊စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ၊အုပ်ချုပ် ရေးမှူး ဦးအောင်ရီ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာန၊ကံ မော်(၁)ဘိနယ်တာဝန်ခံ၊တောအုပ် ဦးသက်ဖြိုးအောင်မှ သစ်တောထိန်းသိမ်းရေး၊တောမီး ကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အကြောင်း အရာများကိုတက်ရောက်လာသူများသို့အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာနနှင့် AFoCO တို့ ပူးပေါင်းဆောင်ရွက်သည့် “သစ်မဟုတ်သည့် သစ်တော ထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေး လုပ်ငန်းများ သရုပ်ပြတည်ထောင် ခြင်းစီမံကိန်း”၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စီမံကိန်းသဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအတွက် အရည်အချင်းပြည့်မီသည့် စီမံကိန်းအတွင်းရေးမှူး (စီမံကိန်းလုပ်ငန်း များနှင့် ငွေကြေးဆိုင်ရာ ကူညီဆောင်ရွက်ရန်) (၁) ဦး လစ်လပ်လျက်ရှိပါသဖြင့် လျှောက်လွှာများ ဖိတ်ခေါ်လျက်ရှိပြီး အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများ အားလုံးလျှောက်ထားနိုင်ပါသည်။

၄-၅-၂၀၂၆ရက်နေ့ ၊ (၁၀:၃၀)နာရီတွင်နွားလဝိုး ကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာ ခန်းမ၌ တရားမဝင်သစ်လျော့နည်းပပျောက်ရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာလွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လွင်ပါ သစ်တောဝန်ထမ်း (၃)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ၊နွားလဝိုးကျေးရွာမှ ဒေသခံပြည်သူ (၂၉ )ဦးတက်ရောက်ခဲ့ပါသည်(ကျား( ၁၆) ဦး ၊ မ ၁၃) ဦး)အဆိုပါ အခမ်းအနားတွင် လွိုင်ကော်မြို့နယ် ဦးစီးအရာရှိ ဦးနိုင်လွင်မှ တရားမဝင်သစ် လျော့နည်းပပျောက်ရေးအတွက် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊သစ်တောဥပဒေများ၊မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးအတွက် မီးခိုးမြူငွေ့ ဖြစ်ပေါ်လာပုံနှင့် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်း၊မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုများ၊သစ်တောသစ်ပင်များသည် မီးခိုးမြူငွေ့များအပေါ် သက်ရောက်မှုများစသည့် အကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

Pages