ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မူဝါဒနှင့် ဥပဒေများ
ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများအား ထိရောက်စွာ စီမံအုပ်ချုပ်ရေးတို့အတွက် နိုင်ငံအဆင့် မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက် များ၊ မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။
နိုင်ငံအဆင့် မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက်များ
(၁) မြန်မာ ၂၁ ရာစု အစီအစဉ် (Myanmar Agenda 21) (၁၉၉၇)၊
(၂) အမျိုးသားအဆင့် သစ်တောကဏ္ဍပင်မစီမံကိန်း (National Forestry Sector Master Plan -NFMP) (၂၀၀၁-၀၂- ၂၀၃၀-၃၁)၊
(၃) နိုင်ငံအဆင့် ဇီဝလုံခြုံမှု မူဘောင် (National Bio-safety Framework) (၂၀၀၆) မူကြမ်း၊
(၄) နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်း စီမံချက် (National Biodiversity Strategy and Action Plan – NBSAP) (၂၀၁၁)။
မူဝါဒ နှင့် ဥပဒေများ
မူဝါဒ နှင့် ဥပဒေများ |
ထုတ်ပြန်သည့် ခုနှစ် |
ထိန်းသိမ်းရေးရည်ရွယ်ချက် |
သစ်တောဥပဒေ |
၁၉၉၂ |
|
တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေ |
၁၉၉၄ |
|
သစ်တောနည်းဥပဒေ |
၁၉၉၄ |
|
သစ်တောမူဝါဒ |
၁၉၉၅ |
|
တောရိုင်းတိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးနည်းဥပဒေ |
၂၀၀၂ |
|
တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးဥပဒေ (၁၉၉၄)၊ ပုဒ်မ (၁၅ က) အရ မျိုးသုဉ်းမည့်အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များကို အောက်ပါအမျိုးအစားအတိုင်း သတ်မှတ်ကြေညာထားသည် -
(၁) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊
(၂) သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊
(၃) ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ။
တရားမဝင်ရောင်းဝယ်ဖောက်ကားမူအား တိုက်ဖျက်ခြင်း
တောရိုင်းတိရစ္ဆာန်များအား တရားမဝင် အမဲလိုက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့မှ တားဆီးကာကွယ်အရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ဆင်ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (၁၈၇၉) နှင့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၁၉၃၆) တို့ကို ပြဌာန်းခဲ့ပါသည်။ ၎င်းဥပဒေများအားပေါင်းစည်း၍ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အောက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေများဖြင့် ပြင်ဆင်အစားထိုးပြန်ဌာန်းကာ တောရိုင်း တိရစ္ဆာန်များအား တရားမဝင် အမဲလိုက်ခြင်း၊ သယ်ယူခြင်း နှင့် ရောင်းဝယ် ဖောက်ကား ခြင်း တို့ကို တားဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်-
(က) တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄)၊
(ခ) တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၀၂)၊
(ဂ) မြန်မာနိုင်ငံအတွင်း မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန် များစာရင်း (၁၉၉၄) [လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ (မျိုးစိတ် ပေါင်း ၉၈ မျိုး၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၉ မျိုး၊ ငှက်မျိုးစိတ် ၅၀ မျိုး နှင့် ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၉ မျိုး) ၊ သာမန် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ (မျိုးစိတ်ပေါင်း ၆၁ မျိုး၊ နို့တိုက် သတ္တဝါ မျိုးစိတ် ၁၂ မျိုး၊ ငှက်မျိုးစိတ် ၄၃ မျိုး နှင့် ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၆ မျိုး) နှင့် ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များ (မျိုးစိတ်ပေါင်း ၁၅၊ နို့တိုက်သတ္တဝါမျိုးစိတ် ၂ မျိုး၊ ငှက်မျိုးစိတ် ၁၃ မျိုး)] ။
၁၉၉၄ ခုနှစ်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ် မြေများ ထိန်းသိမ်းရေးဥပဒေအရ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်ဒဏ်များ
ဥပဒေပုဒ်မ (၃၅)အရ လိုင်စင်မရှိဘဲ အမဲလိုက်ခြင်း၊ သာမန်ကာကွယ်ထားသော တောရိုင်း တိရစ္ဆာန်ကို ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ မွေးမြူခြင်းတို့ကို ကျူးလွန်ပါက ထောင် ဒဏ်(၃) နှစ် အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ်(၁၀၀၀၀)အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ခြင်း။
ဥပဒေပုဒ်မ (၃၆)အရ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ကာကွယ်ထားသော သဘာဝ အပင်တစ်မျိုးမျိုးကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း၊ ဖျက်ဆီး ခြင်း တို့ကို ကျူးလွန်ပါက ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် (၃၀၀၀၀) အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ခြင်း။
ဥပဒေပုဒ်မ (၃၇)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ အနာတရဖြစ်စေခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ တောရိုင်းတိရစ္ဆာန်ကိုဖြစ်စေ၊ ကာကွယ်ထားသည့် သဘာဝအပင်ကိုဖြစ်စေ ညွှန်ကြားရေး မှူးချုပ်၏ ထောက်ခံချက်မရှိဘဲ ပြည်ပသို့ တင်ပို့ခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် (၇)နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ်(၅၀၀၀၀)အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်ခြင်း။