ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း

  • မြန်မာနိုင်ငံတွင် ရှေးဘုရင်များလက်ထက်ကတည်းက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့ပြီး ၁၇၇၅ ခုနှစ်တွင် ကျွန်းကို တော်ဝင်သစ်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၁၈၅၀ ခုနှစ်တွင် ရတနာပုံဘုရင်နန်းတော် ပတ်ဝန်းကျင်အား တောရိုင်းတိရစ္ဆာန် ဘေးမဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၈၇၉ ခုနှစ်တွင် ဆင်ထိန်းသိမ်းရေးဥပဒေကို ပြဌာန်း ခဲ့၍ ၁၈၈၃ တွင် ပြင်ဆင်ခဲ့ပါသည်။
  • သစ်တောဦးစီးဌာနသည် ၁၉၀၂ ခုနှစ် ဗမာ့သစ်တော ဥပဒေအရ တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိပါသည်။ အဆိုပါ ဥပဒေ၌ တောရိုင်းတိရစ္ဆာန်များကို သစ်တောထွက်ပစ္စည်းအဖြစ် သတ်မှတ်၍ သစ်တော ကြိုးဝိုင်းများအတွင်း ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းတို့ကို ထိန်းချုပ်သည့် စည်းမျဉ်းများကို ပြဌာန်းထားပါသည်။ ပထမဆုံးအမဲလိုက်ရန် ခွင့်ပြုထားသောတောများကို ၁၉၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ သို့သော် သဘာဝထိန်းသိမ်း​ရေးနယ်မြေများကိုမူ ၁၉၂၀ ခုနှစ်တိုင်​အောင် မသတ်မှတ်နိုင်ခဲ့ပါချေ။
  • မြန်မာ့တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ် ခြင်းဆိုင်ရာဥပဒေကို ၁၉၃၆ ခုနှစ်တွင် ပြဌာန်းခဲ့ပါသည်။ ၁၉၂၇ ခုနှစ်၌ သစ်တောဦးစီး ဌာနတွင် အုပ်ချုပ်ရေးမှူး ရာထူးတစ်နေရာကို ဖန်တီးခဲ့၍ တောဆင်ရိုင်းဖမ်းဆီးခြင်း အပါအဝင် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ခြင်း နှင့် စီမံအုပ်ချုပ် လုပ်ကိုင် ခြင်း တာဝန်များကို ထမ်းဆောင်စေခဲ့ပါသည်။
  • ဂျပန်ဝင်ရောက်သော ၁၉၄၂ ခုနှစ်တွင် အုပ်ချုပ်ရေးမှူးရာထူး လစ်လပ်သွားပြီး  နောင်တွင်လည်းပြန်လည် မခန့်အပ်နိုင်တော့ပါ။ စစ် နှင့် နောက်ဆက်တွဲ လွတ်လပ်ရေးကိစ္စများကြောင့် သစ်တောဦးစီးဌာနက တောရိုင်း တိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ရေးကိစ္စများဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရန် အဖွဲ့အစည်း ဝန်ထမ်းမရှိချေ။