၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ ကယားပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၉)နေရာသို့ ခန့်ထားခြင်း

သစ်တောဦးစီးဌာန၊ ကချင်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော
တောကြပ်(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၂)နေရာသို့ ခန့်ထားခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁၄၈)နေရာသို့ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ဌာနတွင်းမှ နေ့စား/ပုတ်ပြတ်များနှင့် ပြင်ပပုဂ္ဂိုလ်များအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့်အညီ ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှု မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရေးဖြေ၊ နှုတ်ဖြေနှင့် ကာယကြံ့ခိုင်မှု မိုင်(၂၀) လမ်းလျှောက်စစ်ဆေးခြင်း အောင်မြင်သူများအား သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အောက် ဖော်ပြပါအရေအတွက်အတိုင်း ခန့်အပ်လိုက်သည်-
(က) ကချင်ပြည်နယ် (၂)ဦး
(ခ) ကယားပြည်နယ် (၉)ဦး
(ဂ) ကရင်ပြည်နယ် (၅)ဦး
(ဃ) ချင်းပြည်နယ် (၇)ဦး
(င) စစ်ကိုင်းတိုင်းဒေသကြီး (၃၀)ဦး
(စ) ပဲခူးတိုင်းဒေသကြီး (၁၇)ဦး
(ဆ) မကွေးတိုင်းဒေသကြီး (၂၁)ဦး
(ဇ) မန္တလေးတိုင်းဒေသကြီး (၂၀)ဦး
(ဈ) မွန်ပြည်နယ် (၇)ဦး
(ည) ရန်ကုန်တိုင်းဒေသကြီး (၅)ဦး
(ဋ) ဧရာဝတီတိုင်းဒေသကြီး (၂၅)ဦး
စုစုပေါင်း (၁၄၈) ဦး

၂၁-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ အလောင်းတော် ကဿပအမျိုးသားဥယျာဉ် အတွင်း၊ မုံရွာ- ယာကြီး- ကလေးဝကားလမ်းမိုင်တိုင်အမှတ်(၄၉/၂)အနီးမှ တရားမဝင် ပိတောက် ခွဲသား (၂၄)ချောင်း (၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

APFnet စီမံကိန်းတွင် အမျိုးသား အမျိုးသားအကြံပေး(National Consultant)တစ်ဦးခန့်ထားရေးအတွက် လျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့ရှိ တိရစ္ဆာန်များအစာအတွက် လှူဒါန်းငွေပေးအပ်ပွဲအား (၃၀-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှုကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း တိရစ္ဆာန် ဥယျာဉ်များအား အများပြည်သူ ဝင်ရောက်ခွင့်ပိတ်ထားသဖြင့် တိရစ္ဆာန်များအစာအတွက် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေ ကျပ်(၇၂၀၀၀၀) အား သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) တာဝန်ခံ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့ တွင်လည်း ဆက်လက်လှူဒါန်းသွားမည်ကြောင်း သိရှိရပါသည်။
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် တိရစ္ဆာန်အမျိုး ပေါင်း(၁၀၀)မျိုးရှိ၍ နို့တိုက်သတ္တဝါ (၅၃၆)၊ တွားသွားသတ္တဝါ(၆၄)နှင့် ကျေးငှက်မျိုးစုံ (၃၅၅)၊ စုစုပေါင်း(၉၅၅)ကောင် မွေးမြူထားရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၅၁.၅၃၀၂)တန်၊ သစ်မာ (၅၉.၄၆၁၆)တန်၊ အခြား (၁၅၆.၄၆၂၁)တန်၊ စုစုပေါင်း(၃၆၇.၄၅၃၉)တန်၊ တရားခံ(၃၆)ဦး၊ယာဉ်/ယန္တရား(၄၂)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၇-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း (၂)ကြိုးပြင်ကာကွယ်တောအကွက် (၃၅၈)၊ မယ်ဆည်နန်ကျေးရွာမြောက်ဘက်နေရာမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား (၂၀၅၄၇)ချောင်း (၆၆.၄၉၆၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ(SDC)၊ ဥရောပသမဂ္ဂ(EU)တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှု မှတ်တမ်း (RoD)၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို (၂၈-၇-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဆွစ်ဇာလန် ဖွံ့ဖြိုးတိုးတက်မှုတို့ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (SDC)၊ ဥရောပသမဂ္ဂ (EU)တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှု မှတ်တမ်း (RoD)၏ နောက်ဆက်တွဲပါ အဓိကဦးစားပေးလုပ်ငန်းများ ပြန်လည်သုံးသပ်နိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းပြီး မြေအသုံးချမှုများ စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါကြောင်း၊
အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ ကောင်စီ ၏ ပုံမှန်အစည်းအဝေးများကို ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့ အထိ MICC-2 နေပြည်တော်မှာ ကျင်းပခဲ့ပြီး အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် ဖိုရမ်၏ ရလဒ်များနှင့်အညီ ကောင်စီ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊
ထို့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် EU ၊ SDC တို့အကြား သဘောတူညီမှု မှတ်တမ်း(RoD) ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေတွင် လက်မှတ်ရေးထိုးခဲ့ပြီး RoD ပါ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း နယ်ပယ် (၇) ခု ရှိပါကြောင်း၊
အမျိုးသားမြေအသုံးချမှုကောင်စီ၏ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် အဖွဲ့များအနေ ဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် သဘောတူညီမှုမှတ်တမ်း(RoD)ပါ လုပ်ငန်းများကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ/ အဖွဲ့များအနေနှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီ၏အထောက်အကူပြုလုပ်ငန်းကော်မတီ/ အဖွဲ့အတွင်းရေးမှူးများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ဥရောပသမဂ္ဂ (EU) မှ Head of Cooperation Dr.Johann Hesse ၊ ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(SDC) မှ Deputy Head of Mission Mr.Giacomo Solari ၊ FAO နှင့် မိတ်ဖက်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Group)မှ တာဝန်ရှိသူများ တက်ရောက်ကြ ပါသည်။

Pages