Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၃၀-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ စမြင်ကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ သစ်ယာခွဲသား (၁၁၂)ချောင်း (၁၂.၇၇၂၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၁၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ အိုးလုပ်ချောင်းနှင့် ကျောက်တလုံး ချောင်းအနီးတစ်ဝိုက်နေရာတို့မှ တရားမဝင် ဘောင်ဆန့်/ တောင်သရက်ခွဲသား (၅၉၄)ချောင်း (၉၄.၁၇၄၀)တန် ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၇-၁၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ်(၅၉/၃)(၅၉/၄)ကြား (ထူးဆီဆိုင်ယာဉ်ရပ်နားကွင်းအတွင်း) မော်တော်ယာဉ် အမှတ်(MDY 7I/8478) NISSAN DIESEL(၁၈)ဘီး အပြာရောင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၆)ချောင်း (၉.၀၀၈၄)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၁၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၈၅)မှ ဗိုလ်ကြီးစောဇော်ဆိုင်း ဦးဆောင်သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် (ပူးတွဲ) ပင်းလောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ် (၁၆၃)အတွင်းမှ တရားမဝင် စကားဝါ/သစ်ယားသစ် (၈၉)လုံး (၄၃.၃၃၄၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRSဖြင့် သတင်း ပေးပို့ချက်အရ ၂၅-၁၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ အနီးတစ်ဝိုက်နေရာမှ ထော်လာဂျီ(အစိမ်းရောင်) ယာဉ်အမှတ် 9V-60910 နှင့်အတူ တရားမဝင် ပျဉ်းကတိုး/ ယင်းမာ/ အင် သစ်/ ခွဲသား/ ခွဲခြမ်း(၁၈၁)လုံး/ ချောင်း/ ခြမ်း (၂၉.၁၄၀၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၃-၁၁-၂၀၂၀)ရက်နေ့မှ (၂၉-၁၁-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၆၃.၆၉၁၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ရောက်ရှိပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၌ ဆောင်ရွက်လျက်ရှိသည့် တောတွင်းဖြတ်လျှောက်လမ်း၊ ကမ်းခြေလျှောက်လမ်း၊ ရေပေါ်ဗော တံတားတည်ဆောက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ပင်လယ်ကမ်းရိုးတန်း ဒေသနေပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျစီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်းအစည်းအဝေးကို ၂၆-၁၁-၂၀၂၀ ရက်နေ့ ၁၄:၀၀ နာရီတွင် Virtual Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(သစ်တော)ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. John Nielsen ၊ FDCCA စီမံကိန်းမှ Technical Advisor Mr. Anders Poulsen ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် FDCCA စီမံကိန်းမှ တာဝန်ရှိသူများတက်ရောက်ကြပြီး FDCCA စီမံကိန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။

Pages