Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၁-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်း အကွက်အမှတ် (၃၁၊ ၃၂)အတွင်း တရားမဝင်ကျွန်းသစ်/ခွဲသား (၉၂)လုံး/ချောင်း (၁၆.၃၄၆)တန်၊ ဝီလင်း(၂၅)ကောင် အင်ဂျင်(၁)လုံးပါ ဆက်စပ်ပစ္စည်းများ၊ Swis ချိန်းဆော(အစိမ်းရောင်)(၁)လုံး၊ မကော့(ခ) အောင်ကော့ အသက်(၆၂)နှစ်ရှိ ဆင်မ(၁)ကောင်၊ ဆင်ဦးစီး(၁)ဦး၊ သစ်စက်ပိုင်ရှင်(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၈၅/၀) အနောက်ဘက်သိမ်ရိုးချောင်း ဘောင်ဘေးနေရာတွင် မော်တော်ယာဉ် အမှတ်(YGN 2H/4530) LIFAN DUMP (၆)ဘီး (အနီရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ (၄၈)ချောင်း (၄.၀၃၆၄)တန် ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ အကွက်အမှတ်(၃)သစ်စက်ဟောင်းနေရာ၊ မိုးကောင်းကျေးရွာအရှေ့ဘက်(၆)မိုင်ခန့်အကွာ မိုးကောင်းချောင်းမကြီးအနီး၊ သစ်စက်ဟောင်းနေရာ၊ (၃)မိုင်ခန့်အကွာ မိုးကောင်းချောင်းမကြီးအနီးနှင့် ရွှေကျင်ကြိုးဝိုင်းအကွက်အမှတ်(၂)အတွင်းနေရာတို့၌ တရားမဝင်ချန်ချိုင်း(၃၄)ကောင်အင်ဂျင်(၃)လုံး ပါ ရွှေမျောနှင့်သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/အင်/ကညင်သစ်/ခွဲသား/ခွဲခြမ်း (၉၈၄)လုံး/ချောင်း/ခြမ်း (၁၆.၈၀၉၄)တန်အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၁၀-၂၀၂၀)ရက်နေ့မှ (၂၅-၁၀-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၆၂.၄၃၀၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၉) သစ်တော ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ အောက်ဖော်ပြပါနေရာဒေသများတွင် စိုက်ပျိုးထားသော ကျွန်းပင် များကို စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြု ကြောင်း ကြေညာလိုက်သည်-
(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊
(၂) သစ်တောနယ်မြေပြင်ပတွင်တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိကကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊
(၃) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊
(၄) နေအိမ်ခြံဝန်းများအတွင်းစိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊
(၅) ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင်စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊

၁၇-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံးရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြို့မကျေးရွာအနောက် မြောက်ဘက်(၂.၅)မိုင်ခန့်အကွာနှင့် ကျွဲခြံကျေးရွာတောင်ဘက်(၁)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင်ခွဲသား (၃၁၉)ချောင်း (၁၁.၈၇၉၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ညောင်ကိုင်းကြိုးဝိုင်းအကွက်အမှတ်(၉)အတွင်းမှ မော်တော်ယာဉ်အမှတ်(စက/၁၂၁၃) ဒိုဇာ(အဝါရောင်)ယာဉ်(၁)စီး၊ ဒီဇယ်ပီပါ(၁၅)လုံးတင်ဆောင်ထားသော မော်တော်ယာဉ်အမှတ်(NPW 9L/9636) SINO Truck (၆)ဘီး(အဖြူရောင်)ယာဉ်(၁)စီး၊ ချိန်းဆော(ဘား/လွှမပါ)(အဖြူရောင်)(၁)လုံးတို့နှင့် တရားမဝင်သစ်ယားသစ်/ခြမ်း/စိတ်/စကွဲယား(၃၇)လုံး/ခြမ်း/ချောင်း(၉.၀၅၂၄)တန်တို့အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ညောင်သူများကျေးရွာ အနီး၊ ချင်းတွင်းမြစ်အတွင်းမှ အောင်မိုးဟိန်းအမည်ပါ သစ်သားခွံမော်တော်နှင့် အမည်မပါသော သစ်သားခွံမော်တော်များပေါ်မှ တရားမဝင်ကျွန်း/အင်/သစ်ယာခွဲသား (၂၁၉၉)ချောင်း (၂၄.၀၆၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages