၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၄-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဦးမြို့နယ်၊ စစ်တွေ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၂) ငွေတောင်တံတားအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (6E/5059) SKAT (အပြာရောင်) ယာဉ်ပေါ်မှ တရားမဝင်သင်ပုန်းခွဲသား (၂၉၀)ချောင်း (၃)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

(၂၇-၆-၂၀၂၀)ရက်နေ့၊ နံနက်တွင် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်းမကြီးဘေး၊ ဖိုးဇောင်းတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ၊ နေပြည်တော် -ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်းအတွင်း ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများနှင့် မြန်မာ့ သစ်လုပ်ငန်း၊ ငလိုက်ဆင်စခန်းတို့အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည်ရှု့စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးဘေး၊ ဖိုးဇောင်း တောင်ကြိုးဝိုင်းတွင် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးမည့် စိုက်ခင်းမြေနေရာပြုပြင်ထားရှိမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ အား ရှင်းလင်းပြသပါသည်။ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက်များ ကြိုတင်စိုက်ပျိုးထားရှိမှု၊ ဝါးမျိုးများ ကြိုတင်စိုက်ပျိုးထားရှိမှုကို စစ်ဆေး ခဲ့ပါသည်။ ဗာတီဗာမြက်များအား ထပ်မံစိုက်ပျိုးရန်နှင့် စိုက်ပျိုးရန်အတွက် ပြင်ဆင်ထားသည် သစ်မျိုးများအား အသင့်ပြင်ဆင်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။လတ်တလော ဖြစ်ပွားရသည့် COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ပုံမှန် သင်တန်းအစီအစဉ်များ မတ်လမှ စတင်၍ ယာယီ ရပ်ဆိုင်းထားပြီး ယခုကာလအတွင်း သင်တန်းကျောင်း အဆောက်အဦ ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လှပရေးလုပ်ငန်းများ အလေးပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို သင်တန်းကျောင်း အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်၊ ၂၅-၆-၂၀၂၀ ရက်နေ့တွင် ဝါးလက်မှုဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ကြား၍ AFoCO RETC ဝန်ထမ်းကျောင်း၊ မြေယာရှုခင်းတွင် ထားရှိမည့် အပန်းဖြေ အလှဝါးတဲ တစ်လုံး တည်ဆောက်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းများ ပြန်လည်ဖွင့်လှစ်ပါက သင်တန်းသားများ သင်တန်းဆောင်ပြင်ပတွင် နားနေနိုင်ရန် ရည်ရွယ်၍ ရိုးရာပုံစံအခြေခံ၍ တာရှည်ခံနည်းဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဝါးလက်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် အတူ AFoCO RETC၊ CFDTC သင်တန်းကျောင်း ဝန်ထမ်း(၄)ဦးတို့က အလှဝါးတဲ တည်ဆောက်ခြင်းနည်းပညာကို လေ့လာသင်ယူလျက် ကူညီဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေး ကျန်းမာ‌ရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်၊

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူး (၄၂) နေရာအတွက် ရေးဖြေစာမေးပွဲ ကျင်းပမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း

၂၄-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဦးမြို့နယ်၊ စစ်တွေ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၂) ငွေတောင်တံတားအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (6E/5059) SKAT (အပြာရောင်) ယာဉ်ပေါ်မှ တရားမဝင်သင်ပုန်းခွဲသား (၂၉၀)ချောင်း (၃)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၃-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တုံကျေးရွာ၏တောင်ဘက် (၂)မိုင်ခန့်အကွာ၊ တုံကျွန်း ချင်းတွင်းမြစ်အတွင်း အသားခွံစက်လှေ(အမည်မပါ အဖြူရောင်) (၁)စီးပေါ်မှ တရားမဝင် အင်ပကာ/အင်ခွဲသား (၁၁၉၂)ချောင်း (၁၇)တန်၊ အင်ဂျင် (၁)လုံးအား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တုံးကျေးရွာ၏ တောင်ဘက်(၂)မိုင်ခန့်အကွာ၊ တုံကျွန်းမှ တရားမဝင် ကျွန်း/ သစ်ယာခွဲသား (၃၆)ချောင်း (၉)တန်နှင့် မဲတင်းခါးဝါး (၂၀၀)လုံးအား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၊ ၂၅ ရက် နံနက် ၁၁ နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ သစ်တောကဏ္ဍ ဆိုင်ရာ Geodatabase တည်ဆောက်ခြင်းလုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သစ်တော ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်တောနယ်မြေများ (ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ)၏ နယ်နိမိတ်များအား စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ သစ်တောနယ်မြေများ၏ GIS Shapefile၊ အမိန့်ကြော်ငြာစာများ အပါအဝင် အခြားဆက်စပ် သတင်းအချက်အလက်များ ပါဝင်သည့် Spatial Database တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကနဦးဆန်းစစ်ခြင်းများတွင် တွေ့ကြုံရ သည့်အခက်အခဲများ၊ ဆုံးဖြတ်ချက်များ၊ စီမံအုပ်ချုပ်မှု များ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည့်စုံ၍ မှန်ကန်တိကျပြီး (complete and accurate) အချိန်နှင့်တပြေးညီ (Updated)ဖြစ်သော သစ်တောကဏ္ဍဆိုင်ရာ သတင်းအချက် အလက်များအား စုစည်းပြုစုပြီး Web based portal တစ်ခုအဖြစ် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

Pages