၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၄၂) နေရာအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)၊ နေပြည်တော်တွင် ၂၀-၆-၂၀၂၀ ရက်နေ့နှင့် ၂၁-၆-၂၀၂၀ ရက်နေ့တို့၌ ကျင်းပပြုလုပ်မည် ဖြစ် ကြောင်း ကြေညာခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၆-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊စာဘူးတောင်းကျေးရွာရှိ နေအိမ်ခြံဝင်းအနောက်ဘက် အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်း အတွင်း တရားမဝင်ပျဉ်းကတိုးခွဲသား (၁၂၂)ချောင်း (၅)တန်အား တရားခံ(၁)ဦးနှင့်အတူ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတနမရ(၃၈၇)တပ်မှ ဗိုလ်အောင်မျိုးကျော်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ 12KM နှင့် 13KM ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (5C/5521) PAJERO (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်/တမလန်းခွဲသား (၄၉)ချောင်း (၀.၃)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါ သည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးမိုင်တိုင် (၁၆၈/၃)နှင့် (၁၆၈/၄)ကြား၊ တန့်ယန်းလမ်းခွဲအနီး မော်တော်ယာဉ်အမှတ် (MDY 6M/5728) (MITSUBISHI FUSO (၆)ဘီး အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆)ချောင်း (၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပလွေကြိုးဝိုင်းအကွက်အမှတ်(၉၇)အတွင်း တရားမဝင် သံသေ/တောင်ပိန္နဲ/လယ်ဇ/ရုံး/ကြို့/ချဉ်ယုတ်/နဘဲ ခွဲသား(၃၅)ချောင်း(၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ သစ်တောကြိုးဝိုင်းအတွင်း ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသဖြင့် နယ်မြေခံ ကျေးရွာအုပ်ချုပ်ရေးမှူးများ အကူအညီဖြင့် ပိုင်ရှင်အား ဆက်လက်စုံစမ်း ဖော်ထုတ်ဆဲဖြစ်ပါသည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ တူးကုန်းကျေးရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာ မော်တော်ယာဉ်အမှတ် (MDY 3Q/1883) ယာဉ်ပေါ်မှ တရားမဝင် စကားဝါခွဲသား (၁၉၉)ချောင်း (၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၀-၆-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတနမရ(၃၈၇)တပ်မှ ဗိုလ်အောင်မျိုးကျော်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ 12KM နှင့် 13KM ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(6J/3592) VOXY (ခဲရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(5E/3517) (Super Custom)(အဖြူရောင်)များပေါ်မှ တရားမဝင်ကျွန်း/ပိတောက်/တမလန်းခွဲသား (၁၃၂)ချောင်း (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ရဲစခန်းသို့ ခေါ်ဆောင်စဉ် ထွက်ပြေးသွားခဲ့သဖြင့် တရားခံဖြစ်သူ ဦးဆိုင်းလော့ဒ်(ဘ) ဦးတန်ဂွန်း မှတ်ပုံတင်မရှိ၊ ခါနန်ရပ်ကွက်၊ မိုးမောက်မြို့အား ရဲစခန်းမှ စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၁-၆-၂၀၂၀ ရက်နေ့ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ (MFCC) ၏သတ္တမအကြိမ်မြောက် အစည်းအဝေး အခမ်းအနားကို(Video Conference)ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ (သစ်တော)မှ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တော ထောက်ခံချက်ပြုရေးကော်မတီ၏အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်

Pages