၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၇-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း၊ သက္ကယ်ကွက်ကျေးရွာအနီးမိုင်တိုင် (၂၄/၁)နှင့် (၂၇/၇)နေရာတို့တွင် မော်တော်ယာဉ်အမှတ်၊ (SHN-2C/1955) NISSAN DIESEL ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY-5B/1026) NISSAN DIESEL ယာဉ်တို့ပေါ်မှ တရားမဝင် ပိတောက် ခွဲသား(၁၄၂)ချောင်း (၂၀.၉၉၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် မဘိမ်းမြို့နယ်၊ နန့်မဲကြိုးဝိုင်းအကွက်(၁)အတွင်းမှ တရားမဝင် ကျွန်းသစ်(၁၈)လုံး (၄.၀၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၄၉)တပ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်မြို့ဝင်ဂိတ်တွင် မော်တော်ယာဉ်အမှတ်(8J-8283) LIGHT TRUCK မီးခိုးရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၈)ချောင်း (၀.၄၃၀၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁.၇.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရေဆိပ်အနီးတွင် သုံးဘီးဆိုင်ကယ်(၁)စီး၊ ပဲ့ထောင်စက်လှေ(၁)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသား (၃၈)ချောင်း (၁.၀၈၈၀)တန်၊ တရားခံ(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ အိုးဘိုတောင်တံတားအနီးနှင့် DENKO ဆီဆိုင်ရှေ့နေရာတို့တွင် မော်တော်ယာဉ်အမှတ်၊ (SGG 8C/3847) TOYOTA DYNA ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(SGG 5H/6655) NISSAN CABSTAR ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၄)ချောင်း(၁.၈၆၁)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင်သစ်(၇)လုံး (၉.၁၈၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၀.၇.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)နေရာတွင် မော်တော်ယာဉ်အမှတ်(မ/၃၉၈၀)(အစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းသစ်/ခွဲသား (၅၈)လုံး/ချောင်း (၈.၁၄၁၈) တန် အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀.၇.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ပဲခူး-ဖောင်ကြီး ကြီးလေးကြီးလမ်း ကြို့ကုန်းလမ်းခွဲ ဆည်မြောင်းဘောင်အနီးမှ ယာဉ်(3A/2946)ပေါ်တွင် တရားမဝင်သစ် သပြေ/ မဏိဩဂ/သစ်စပ်/ဒီဒူး/သစ်နီ/သရက်/နဘဲ/ကညင်/စကားဝါခွဲသား (၉၇)ချောင်း (၈.၆၁၃၀) တန် အား ယာဉ်(၁)စီးနှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages