၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဆယ်အိမ်မှူးများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ လမ်းလေးခွကျေးရွာ အရှေ့ဘက်(၅)ဖာလုံခန့်အကွာတွင် တရားမဝင် ကညင်(ခွဲခြမ်း) (၆.၀၉၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၁-၇-၂၀၁၉ ရက်နေ့ ၊နေ့လည်(၁:ဝဝ)နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Ms.Gabrielle Kissinger, Principal, Lexeme Consulting နှင့်အဖွဲ့မှှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သစ်တောမူဝါဒ နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာအခြေအနေ၊ ဒေသခံပြည်သူတို့၏ အကြံပြုချက်များဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိသော သစ်တောနည်းဥပဒေ(မူကြမ်း)၊ သစ်တောကဏ္ဍတွင် EITI ကိုထည့်သွင်းပေါင်းစပ်နိုင်မှု၊ မြန်မာနိုင်ငံဆိုင်ရာ FLEGT နှင့် REDD+ ဆောင်ရွက်မှု၊ ဌာနေတိုင်းရင်းသားများ၏ သစ်တောနှင့် မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းကဏ္ဍ(ICCCA အပါအဝင်)၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် သစ်တောနှင့် မြေယာစီမံအုပ်ချုပ်မှုကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၁-၇-၂၀၁၉ ရက်နေ့ (၁၁:ဝဝ)နာရီအချိန် တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Dr.Dhrupad Choudhury, Chief, Scaling Operations & Country Focal, Myanmar, ICIMOD မှ လာရောက်တွေ့ဆုံ၍ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဖွံ့ဖြိုးရေးဗဟိုအဖွဲ့ (International Centre for Integrated Mountain Development-ICIMOD မှ ဆောင်ရွက်နေသည့် Himalayan Monitoring and Assessment Programme(HIMAP) နှင့် ပတ်သက်သည့် သတင်းအချက်အလက်မျာအား ဖြန့်ချိမည့်အခမ်းအနား များကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့တွင် နေပြည်တော်၊ ရန်ပုံငွေထောက်ပံ့ပေးသည့်အဖွဲ့ အစည်းများနှင့် သံရုံးများသို့ချပြသည့် အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

၉-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ယင်းမာကြိုးဝိုင်းအကွက်(၅၅) စိုက်လျှိုမြောင်အနီးမှ တရားမဝင် ကျွန်း/သစ်ယာ/အင်ကြင်း/ ပျဉ်းကတိုး/ယင်းမာ/သပြေ/အင်သစ်/ခွဲသား (၂၁)လုံး/ချောင်း (၄.၂၆၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၇-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၆)မိုင်စစ်ဆေးရေးစခန်း သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း (၁၆)မိုင်စစ်ဆေးရေးစခန်း (အတက်) စင်နေရာတွင် ယာဉ်အမှတ်(MDY)8G-6606(ရတနာစိုး- ခရီးသည်တင်မှန်လုံ)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၂)ချောင်း (၀.၅၂၄၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ နန့်ဖယ်ကြိုးဝိုင်းနှင့် မံမော်ကြိုးဝိုင်းအတွင်းနေရာများမှ တရားမဝင်ဂျင်ဒေါင်း(၂၅) ကောင်(၂)လုံး၊ ချန်ခိုင်း(၂၈)ကောင်၊ ဝီလင်း(၂၅)ကောင်(၂)လုံး စုစုပေါင်းအင်ဂျင်(၅)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်/ခွဲသား (၇၁၄)လုံး/ချောင်း (၈၃.၃၈၁၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္ဒီမြို့နယ်ခွဲ ၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနေရာတွင် မော်တော်ယာဉ်အမှတ်(MDY 8G/2321) CANTER (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၈၀)ချောင်း(၀.၃၇၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၇-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ရှောက်တော-ကုန်းဇောင်းလမ်း၊ မိုင်တိုင်အမှတ်(၀/၄)နေရာတွင် မော်တော်ယာဉ်အမှတ်(6P/4347) ခဲရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်တယ်/သန်း/ထောက်ကြန့်/ချဉ်ယုတ်/ဒဟတ်သစ်(၅၂)လုံး(၂.၅၅၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages