Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၃-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်တပ်နယ်ကွပ်ကဲမှုအောက်၊ တထခွဲ(၁၃)မှ တပ်ဖွဲ့ဝင်များအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ခိုလမ်- ကျိုင်းတောင်း- ကွန်ဟိန်းသွားကားလမ်းမ၊ နောင်ဖာကန် အဝင်လမ်း ယာဉ်အမှတ်၊ 7K/8306 နှင့် 9I/9201 (Super Custom၊ ၄ ဘီး၊ အဖြူရောင်) ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၈)ချောင်း (၁.၁၇၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၁၄-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ်(၅၆၊ ၆၉)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၅၅)ချောင်း (၁၄.၀၅၇၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၁၅-၁-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၄၆/၆)အနီးနေရာ၌ တရားမဝင်သင်းဝင်/နဘဲ/ကတီ/သံသေ/ရုံးခွဲသား(၅၅) ချောင်း(၈.၇၁၂၄)တန်အားသတင်းအရလိုက်လံဖမ်းဆီးရာသစ်များလှန်ချထွက်ပြေးသွားသဖြင့် သစ်တင်ယာဉ် ခဲရောင် မော်တော်ယာဉ်အမှတ်၊(YGN 9N/8102)FAW(၆)ဘီးယာဉ်နှင့် ရှေ့ပြေးလမ်းရှင်းကား မော်တော်ယာဉ် အမှတ် (MDY 5G/7400) (ခွေးဘီလူး)ယာဉ်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအမြန်လမ်း ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခမရ(၅၂၁)တပ်မှ ဦးစီး(၁)စိတ်၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွယ်ဂျယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ မိုးမောက်- လွယ်ဂျယ်ကားလမ်း၊ ဝိန်းခမ်းကျေးရွာအနီး မော်တော် ယာဉ်အမှတ်၊ (O/1382) NISSAN DIESEL (၆) ဘီး၊ ဖြူ/စိမ်းကြား ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ(၁၂၆၉)ချောင်း (၃.၃၀၉၆)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၃-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခမရ(၅၂၁)တပ်မှ ဦးစီး(၁)စိတ်၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွယ်ဂျယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ မိုးမောက်- လွယ်ဂျယ်ကားလမ်း၊ ဝိန်းခမ်းကျေးရွာအနီး မော်တော် ယာဉ်အမှတ်၊ (O/1382) NISSAN DIESEL (၆) ဘီး၊ ဖြူ/စိမ်းကြား ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ(၁၂၆၉)ချောင်း (၃.၃၀၉၆)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၃၂၄.၂၆၃၀)တန်၊ သစ်မာ(၂၀၆.၇၂၁၃)တန်၊ အခြား (၄၀၄.၁၅၂၉)တန်၊ စုစုပေါင်း(၉၃၅.၁၃၇၂)တန်၊ တရားခံ(၆၄)ဦး၊ ယာဉ်/ယန္တရား(၄၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၁-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲ ခရိုင်၊ ဂွမြို့နယ်၊ ဒေသအခေါ် စီဒီလမ်းပေါက်၊ ကြက်လွတ်ချောင်းဖျားတစ်လျှောက်မှ တရားမဝင် တောင်သရက်ခွဲသား (၂၆၇)ချောင်း(၄၂.၄၀၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၁-၂၀၂၀)ရက်နေ့မှ (၁၂-၁-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၈၂.၅၂၆၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို ၁၄-၁-၂၀၂၀ ရက်(အင်္ဂါနေ့)၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော် တွင် ကျင်းပပြုလုပ်ရာ ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားပါသည်။အစည်းအဝေးသို့ ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ ၊ ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်း ကော်မတီဝင်အရာရှိကြီးများ၊ ပြည်နယ်/တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

Pages